DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် လေပြင်းတိုက်မှုကြောင့် သိန်း ၃၄၀ ကျော်ဖိုး ဆုံးရှုံး
DVB
·
May 12, 2017
ညောင်လေးပင်တွင် လေပြင်းတိုက်မှုကြောင့် သိန်း ၃၄၀ ကျော်ဖိုး ဆုံးရှုံး
1 / 9
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ မေလ ၁၀ ရက် ည ၇ နာရီလောက်က မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်ခဲ့လို့ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ သိန်း ၃၄၀ ကျော်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

“မနေ့က ညပိုင်းဖြစ်တာပါ။ အဲဒီရွာတွေမှာရှိတဲ့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ပြီး ညတွင်းချင်း ကူညီစရာရှိတာတွေ ကူညီထားလိုက်ပါတယ်။ အကိုနေတဲ့ နေရာနဲ့က အလှမ်းဝေးနေတော့ ညတွင်ချင်းဆင်းသွားပြန်ရင်လည်း လမ်းပန်းဆက်သွယ်ရေးအရ အဆင်မပြေဘူးလေ။ ဒီမနက်မှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုဦးစီးဦး ရဲအောင် တို့အဖွဲ့ရယ်၊ ကိုယ်တို့ အဖွဲ့ရယ် ဆင်းတာပါ။ ခုဒီမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စာရင်းကောက်ပြီးတော့ စားရင်းချုပ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကို စားရင်ပေးလိုက်ပါပြီ။ အဓိက က လျှပ်စစ်လိုင်းတွေ ပျက်တောက်သွားတာပဲ။ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ အခါကျတော့ ပြည်သူလူထုအတွက် အခက်အခဲတွေ တွေ့နေရတယ်” လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေက ဒီဗွီဘီ ကိုပြောပါတယ်။

မေလ ၁၀  ရက်ည ၇  နာရီလောက်က မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခက်မှုကြောင့် ဂျောင်းတာကျေးရွာအုပ်စု၊ ထင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာအုပ်စုတို့မှာ စာသင်ကျောင်း ၂  ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ လူနေအိမ် ၇၆ လုံး အမိုးအကာလန်ပြီး နေအိမ်တချို့ ပြိုကျကာ လျှပ်စစ်မီးတိုင်  ၆၇  တိုင်လဲကျခဲ့ပြီး စုစုပေါင်း သိန်း  ၃၄၀ ကျော်ဖိုး ပျက်စီးရှုံးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီး ဦးရဲအောင်က “ကျနော်တို့ အုပ်ချုပ်ရေးပိုင်းကတော့ အထက်ကို တင်ပြထားပါတယ်။ လောလောဆယ်တော့ လူကယ်ပြန်ဝန်ကြီးဌာနက ခုညနေပဲ ထောက်ပံ့ကြေးတွေ လာပေးနေပါပြီ။ ပျက်စီးဆုံးရှုံးမှု အလိုက်ပေါ့” လို့ ပြောပါတယ်။

အဆိုပါလေပြင်းတိုက်ခိုက်မှုကြောင့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာမရှိခဲ့ပေမယ့် ကျေးရွာ ၁၈ ရွာမှာ မီးပြတ်တောက်မှု ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013