DVB Logo
Home
မြန်မာသတင်း
ပြည်မြို့လယ်ကောင်ရှိ အိမ်တအိမ်တွင် ဓားထောက် အနုကြမ်းစီးမှု ဖြစ်ပွား
DVB
·
May 12, 2017
ပြည်မြို့လယ်ကောင်ရှိ အိမ်တအိမ်တွင် ဓားထောက် အနုကြမ်းစီးမှု ဖြစ်ပွား
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့ မြို့လယ်ကောင်က အိမ်တအိမ်မှာ ဓားထောက် အနုကြမ်းစီးမှုတခု ဖြစ်ခဲ့ပါတယ်။

မေလ ၁၁ ရက်နေ့ ည ၈ နာရီခွဲလောက်က ပြည်မြို့ ရွှေကူရပ်ကွက် တရုတ်တန်းလမ်းမှာရှိတဲ့ ဒေါင်းမင်း အင်တာနက်ဆိုင်ဘေးခန်းကို ဓားကိုင်ထားတဲ့ လူတဦးနဲ့ ရဲတွေအသုံးပြုတတ်တဲ့ နံပါတ်တုတ်ကိုင်ထားတဲ့ လူတဦးတို့က ဆိုင်ကယ်နဲ့လာပြီး ဆိုင်ဝန်ထမ်းကလေးကို ဓားနဲ့ထောက် လုယက်သွားတယ်လို့ အလုခံရသူ ကိုစွမ်းထက်က ပြောပါတယ်။

နေအိမ်အံဆွဲထဲမှာရှိတဲ့ ငွေ ၁ သိန်းကျော်နဲ့ လက်ပ်တော့ ၁ လုံး၊ ဖုန်း ၂ လုံးတို့ကိုပါ လုယက်ယူနေစဉ်မှာပဲ အလုပ်ရှင် ကိုအောင်လေး ရောက်လာတဲ့အတွက် ကိုအောင်လေးကိုပါ ဓားနဲ့ဆက်ထောက်ပြီး သူ့အိတ်ထဲမှာပါတဲ့ ငွေသား သိန်း ၃၀ ကျော်ပါ လုယက်သွားပါတယ်။

လုယက်သူတွေ ထွက်သွားပြီး ချက်ချင်းပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အမှတ် ၁ ရဲစခန်းကို ဖုန်းဆက် တိုင်ကြားလိုက်တာကြောင့် ရဲစခန်းက တာဝန်ရှိသူတွေ ရောက်လာပြီး စစ်ဆေးမေးမြန်းဖို့ သူတို့ကို ရဲစခန်းခေါ်ဆောင်သွားပါတယ်လို့ ပိုင်ရှင် ကိုအောင်လေးက ဒီဗွီဘီကို ရှင်းပြပါတယ်။

“လုယက်သူက ပြည်မြို့ နဝင်းရပ်ကွက်မှာနေတဲ့ ကိုဝက်ကလေးဆိုသူဖြစ်ပြီး သူတို့ အင်တာနက်ဆိုင်ကို မကြာခဏ လာတတ်ပါတယ်။ သူ့ကိုလည်း သိပါတယ်။ ဓားနဲ့ထောက်တော့ ကျနော်က စနေတာမှတ်လို့။ ပြီးတော့ သူက တကယ်လုပ်နေတာ။ သူက လူမိုက်တယောက်လည်း ဖြစ်တာကြောင့် သူ့ကို ပြန်ခုခံဖို့ မရဲဘူး။ သူ့ပုံကို ဆိုင်မှာတပ်ထားတဲ့ စီစီတီဗွီ ကင်မရာမှာလည်း ရှိပါတယ်” လို့ ဓားထောက်လုယက်ခံရသူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ အမှတ် ၁ ရဲစခန်းမှူးကို တွေ့ဆုံမေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ပြီး တာဝန်ကျ တာဝန်မှူး ဒု-ရဲအုပ်ကလည်း ယူနီဖောင်းဝတ်မထားတာကြောင့် အင်တာဗျူး မဖြေနိုင်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013