DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 11, 2017
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ ၁ တန်ကို ကျပ် ၉၆၅,၀၀၀ ဈေးရှိနေပြီး ကျပ် ၂၉,၀၀၀ ဈေးတက်သွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီ ၁ တန်ကို ကျပ် ၆၆၃,၀၀၀ ပေါက်ဈေးရှိနေပြီး ကျပ် ၂၇,၀၀၀ ဈေးတက်သွားပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲ ၁ ပိဿာကို ကျပ် ၁,၁၈၀ ကနေ ၁,၃၉၅ ပေါက်ဈေး ရှိနေပြီး ကျပ် ၆၀ ဈေးတက်သွားပါတယ်။

ပဲကြီး
ပဲကြီး ၁ ပိဿာကို ကျပ် ၂,၃၀၅ ဈေးရှိနေပြီး ကျပ် ၁၀၀ ကျော် ဈေးတက်သွားပါတယ်။

သကြား
သကြား ၁ ပိဿာကို ကျပ် ၁,၄၂၅ ကနေ ၁၅၀၀ ပေါက်ဈေး ရှိနေပြီး ကျပ် ၂၀၀ ဈေးတက်သွားပါတယ်။

ကြက်သွန်နီ
မန္တလေးကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီ ၁ ပိဿာကို ကျပ် ၅၇၅ ကနေ ၁,၂၀၀ ကျပ် ရှိနေပြီး ကျပ် ၄၀၀ ဈေးတက်လာပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ ၁ ပိဿာကို ကျပ် ၄,၉၀၀ မှ ၅,၀၀၀ ကျပ်ဈေးရှိနေပြီး ကျပ် ၁,၆၀၀ ဈေးကျသွားပါတယ်။

နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာပဲ  နှမ်းဖြူ ၁ အိတ်ကို ကျပ် ၁၀၃,၀၀၀ မှ ၁၀၅,၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ကျပ် ၃,၀၀၀ ဈေးတက်သွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013