DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ် မောတောင်ဒေသတွင် ထိုင်းနိုင်ငံသား ၁ ဦး သေနတ် ပစ်သတ်ခံရ
DVB
·
May 11, 2017
Donate to DVB

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ-ထိုင်းနယ်စပ် မောတောင်ဒေသမှာ မေ ၁၀ ရက် ည ၉ နာရီလာက်က ပြည်ဖြိုးထွန်း ဆီအုန်းစိုက်ခင်းကုမ္ပဏီ လုပ်သားဖြစ်တဲ့ ထိုင်းနိုင်ငံသားတဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ တနင်္သာရီမြို့မရဲစခန်းမှ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ထိုင်းနိုင်ငံသား Mr.Chai Ched ဟာ တကောဖောလူကျေးရွာသွား ကားလမ်းနံဘေးမှာ သေနတ်ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။

Mr. Chai Ched ဟာ မေလ ၇ ရက်နေ့မှာ မောတောင်ဒေသ၊ အမှတ် ၃ ရပ်ကွက်ရှိ ပြည်ဖြိုးထွန်း ဆီအုန်းစိုက်ခင်းကုမ္ပဏီကို စက်ယန္တရားပြင် အလုပ်သမားတဦးအဖြစ် ရောက်ရှိလာသူဖြစ်ပြီး ကုမ္ပဏီ စိုက်ပျိုးရေးဝန်ထမ်းအိမ်ရာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ရဲက လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး တရားခံကို စုံစမ်းနေဆဲဖြစ်တယ်လို့ တနင်္သာရီ မြို့မရဲစခန်းရုံး တာဝန်ကျ ရဲတပ်ဖွဲ့တဦးက ပြောပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)၊ ဓာတ်ပုံ -  တနင်္သာရီမြို့မရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013