DVB Logo
Home
မြန်မာသတင်း
ကညင်ဆည်စံပြစိုက်ကွက် သိမ်းဆည်းခံလယ်မြေများ မူလလယ်သမားများ ပြန်လိုချင်
DVB
·
May 11, 2017
ကညင်ဆည်စံပြစိုက်ကွက် သိမ်းဆည်းခံလယ်မြေများ မူလလယ်သမားများ ပြန်လိုချင်
Donate to DVB

အင်္ဂပူမြို့နယ်ထဲက ကညင်ဆည် စံပြစိုက်ကွက်အတွက် သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေ မအောင်မြင်လို့ မူလ လယ်သမားတွေက သူတို့လယ်တွေ ပြန်လိုချင်နေကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲ ကညင်ဆည်က ၂၀၁၁ ခုနှစ်က စံပြစပါးစိုက်ကွက် ပြုလုပ်ဖို့ဆိုပြီး တောင်သူ ၈ ဦးဆီက လယ်မြေဧက ၂၇ ဧကကျော်ကို သိမ်းယူထားခဲ့ကြပါတယ်။

လယ်သိမ်းခံကျွဲဆင်းကျေးရွာနေ ဦးအောင်မြင့်ရွှေက "သိမ်းယူစဉ်က လယ်သမားတွေကို အကြောင်းမကြားပဲ လယ်မြေတွေထဲ စက်ယန္တရားတွေနဲ့ ဝင်ရောက်ထွန်းယက်ပြီး ဧကကွက်တွေ ဖော်ပါတယ်။ သွားမေးတော့ ကညင်ဆည်ကနေပြီ စံပြကွက်စိုက်ဖို့လုပ်တာ နိုင်ငံတော်စီမံကိန်း ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလိုတွေ လုပ်ဆောင်နေလို့ မြို့နယ်အဆင့်ကို တင်ပြတော့ အခု ကျွဲဆင်းအုပ်ချုပ်ရေးမှူးအိမ်ကို ဆည်က တာဝန်ရှိသူတွေက ခေါ်ပြီး ရောင်းချင် မရောင်းချင် တဧက ၂ သိန်းကျပ်ရမယ်ဆိုပြီး ငွေအတင်းပေး ဓာတ်ပုံရိုက် လက်မှတ်ထိုးခိုင်းပါတယ်။ သူတို့ဆည်က အရှုံးပေါ်တာရယ် ကျနော်မှာ လုပ်စားမြေ မရှိလို့ အသနားခံလို ဆည်က ကျနော်ကို အခချပြီး လုပ်ကိုင်စေတာပါ။ ကျနော်ကတော့ မူလက ကိုယ်နဲ့အတူလုပ်ကိုင်ခဲ့တယ်။ လယ်သမားတွေနဲ့အတူ သူတို့အတင်းဝယ်ထားတဲ့ ဈေးအတိုင်းပြန်ပေးစေချင်နေပါပြီ”လို့ ပြောပါတယ်။

ကညင်ဆည် တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးတင်စိုး က "ကျနော်တို့မှာ စာရင်းဇယားတွေရှိပါတယ်။ သူတို့လက်မှတ်တွေ ရှိပါတယ်။ အဲဒီတုန်းက သက်သေတွေနဲ့ ဝယ်ယူထားတာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတောင်းသူတွေကတော့ ဆည်က စံပြကွက်စိုက်တာ မအောင်မြင်လို့ သူတို့ဆီက မူလက ယူထားတဲ့ ဈေးနှုန်းအတိုင်း ပြန်ပေးဖို့ လိုလားနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013