DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ကန်အတွင်း ရေဆင်းချိုးရာ ဆယ်တန်းကျောင်းသား ၁ ဦး ရေနစ်သေဆုံး
DVB
·
May 11, 2017
ဝမ်းတွင်းတွင် ကန်အတွင်း ရေဆင်းချိုးရာ ဆယ်တန်းကျောင်းသား ၁ ဦး ရေနစ်သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့  မေလ ၁၀ ရက် မွန်းလွဲ ၁ နာရီလောက်က ရေကန်တွင်း ရေဆင်းချိုးတဲ့ ဆယ်တန်းကျောင်းသားတဦး ရေနစ်သေဆုံးသွားတယ်လို့  ဝမ်းတွင်းမြို့ ရွှေတောင်ရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ်အောင်သူဟိန်း က “ဂုဏ်ရွာကျေးရွာကနေ ဆယ်တန်းလာတက်တယ်။ စမုံရွာ ညောင်ရေသွန်းပွဲကိုသွားကြတာ။ ကန်ထဲကိုသူနဲ့သူ့ငယ်ချင်းတွေ ရေဆင်းချိုးရင်း ဌေးဝင်းဇော် ရေနစ်သေဆုံးတယ်။ ခန္ဓာကိုယ်မှာပြင်ပ ဒဏ်ရာမတွေ့ရဘူး လို့ပြောပါတယ်”လို့ ပြောပါတယ်။

စမုံရွာနေ ကိုဝင်းစိန်က “နွားနဲ့သုံးရေအတွက်ထားတဲ့ ရေကန်ပဲ။ အသစ်ပြန်တူးထားတာ မကြာသေးဘူး။ ပေ ၇၀ ကျော်ပတ်လည်လောက်ရှိမယ်။ ရေအနက် ၇ ပေကျော်လောက်ရှိမယ်။ ပူအိုက်တော့ ရေကန်ထဲ ဆင်းချိုးရင်းရေနစ်သွားတာဖြစ်မယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့ ရွှေတောင်ရဲစခန်းက သေမှု သေခင်းအမှတ်စဉ်(၂/၂၀၁၇)နဲ့အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013