DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 10, 2017
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဧပြီလကနေ မေလအထိ တလအတွင်း ပြောင်းလဲသွားတဲ့ သီးနှံဈေးနှုန်းတွေကို စုစည်းတင်ပြပေးသွားမှာပါ။

ပေါ်ဆန်မွှေး
ပေါ်ဆန်မွှေးဆန်က ၁ လအတွင်း ၁ အိတ်ကို ငွေကျပ် ၇ထောင် ဈေးတက်လာပြီးတော့ မေလမှာ ၁ အိတ်ကို ၃သောင်းကနေ ၅သောင်း ၂ထောင်ကျပ် ပေါက်ဈေး ရှိနေပါတယ်။

မတ်ပဲ
မတ်ပဲကတော့ ၁ လအတွင်း ၁ တန်ကို ငွေကျပ် ၁သိန်း ၅သောင်း ၄ထောင် ဈေး ကျဆင်းသွားပြီး မေလ ၁၀ ရက်နေ့အထိ ပေါက်ဈေးက ၁ တန်ကို ၉သိန်း ၃သောင်း ၆ထောင်ကျပ် ပေါက်ဈေး ရှိနေပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကလည်း ၁ လအတွင်း ၁ တန်ကို ငွေကျပ် ၁သိန်း ၄ထောင် ဈေး ကျဆင်းသွားပြီးတော့ မေလ ၁၀ ရက်နေ့အထိ ပေါက်ဈေးက ၁ တန်ကို ၆သိန်း ၃သောင်း ၆ထောင်ကျပ် ပေါက်ဈေး ရှိပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ၆,၇၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ လအတွင်း ၁ ပိဿာကို ငွေကျပ် ၁၇၀၀ ဈေးတက်လာပါတယ်။

ဂျုံ
ဂျုံကတော့ လတ်တလော ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၆သောင်း ပေါက်ဈေးရှိနေပြီး ၁ လအတွင်း ၁ အိတ်ကို ၇ထောင်ကျပ် တက်လာပါတယ်။

နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)ကတော့ ၁ အိတ်ကို ဒီနေ့ ပေါက်ဈေးက ၁သိန်း ၂သောင်း ၈ထောင်ကျပ် ပေါက်ဈေးရှိနေပြီး ၁ လအတွင်း ငွေကျပ် ၉ထောင် ဈေးကျဆင်းသွားပါတယ်။

ပဲပုတ်(ဗမာ)
ပဲပုတ်(ဗမာ)ကတော့ ၁ အိတ်ကို ၁ လအတွင်း ငွေကျပ် ၁သောင်း ၂ထောင် ဈေးတက်လာပြီးတော့ မေလအတွင်း ပေါက်ဈေးက ၁ အိတ်ကို ၈သောင်း ၂ထောင်ကျပ် ပေါက်ဈေး ရှိနေပါတယ်။

မန်ကျည်းတောင့်
မန်ကျည်းတောင့်ကတော့ ၁ လအတွင်း ငွေကျပ် ၂၅၀ ဈေးတက်လာပြီးတော့ မေလ ပေါက်ဈေးကတော့ ၁၇၃၀ ကျပ် ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013