DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ကျော် ပျက်စီး
DVB
·
May 10, 2017
Donate to DVB

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ၃ရွာမှာ မေလ ၉ ရက် ညနေပိုင်းက မိုးသက်လေပြင်းတွေ တိုက်ခတ်မှုကြောင့် လူနေအိမ် ၅၆ အိမ်လောက် အမိုးလန် ထိခိုက်ပျက်စီးသွားပြီး လမ်းဘေး သစ်ပင်တွေ လဲပြို၊ သစ်ကိုင်းကျိုးကျတာတွေကြောင့် ဒီနေ့အထိ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။

ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ဇဟောရွာက ၂၈ အိမ်၊ ကျွန်းဒတ်ရွာက ၁၆ အိမ်နဲ့  လာပို့ရွာက ၁၂ အိမ် အမိုး အကာတွေလန် ပျက်စီးသွားခဲ့ပြီး သက်ဆိုင်ရာက စာရင်းကောက်ယူထားပေမယ့်  အခုအချိန်အထိတော့ ကူညီထောက်ပံ့တာတွေ မပြုလုပ်သေး ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇဟောရွာသား ကိုပေါ်လွင်ဦးက “ရွာတောင်ပိုင်းနေအိမ်တွေ တော်တော်ပျက်သွားတယ်။ တစ်ချို့အိမ်တွေဆို ခုမှဆောက်ပြီးကာစ လူတောင်မနေရသေးဘူး။ နေအိမ်လဲပြိုတာတွေတော့ မရှိပါဘူး။ အမိုးအကာတွေ လန်သွားတာလောက်ပါ။ ခုထိတော့ သက်ဆိုင်ရာက လာရောက် ကူညီထောက်ပံ့တာ ဘာမှမရှိသေးဘူး။ လောလောဆယ်တော့ ကြီးကြီးမားမား အခက်အခဲတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း ဂန့်ဂေါမြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်ခဲ့လို့ အိမ်ခြေ ၂၀၀ ကျော်ပျက်စီးခဲ့တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးဒဏ်ရန်ပုံငွေထဲက ထောက်ပံ့တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က “လောလောဆယ် တော့ ဒီသဘာဝဘေးဒဏ်နဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်ဖို့မရှိသေးဘူး။ ဒါပေမယ့် မကြာခင် မှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မိုးရာသီသစ်ပင်စိုက်တာတွေ ဘာတွေ လုပ်ဖို့ ရှိတယ်။ မနှစ်ကတောင် ဒီလောက်ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ဘူး။ ဒီနှစ်မှ ပိုပြီးဖြစ်လာတယ်။ ဒါတွေက သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်တွေပဲ။ ဒီနှစ်အတွင်းမှာပဲ ဂန့်ဂေါမြို့နားက စိုင်ဒူးရွာ၊ အုံ့တုံးတောင်မှာ ဧက ၅၂၀၀ ကို ကြိုးဝိုင်းအဖြစ်သတ်မှတ်ခဲ့တယ်။ တတ်နိုင်သလောက်တော့ ရှိပြီးသားသစ်တောတွေကို ထိန်းသိမ်းဖို့ လုပ်ရမယ်။ ဒါတွေက ရေတိုရေရှည် စနစ်တကျ စီမံချက် ရေးဆွဲပြီး ဆောင်ရွက်ရမယ့် ကိစ္စပဲ”လို့ ဒီဗွီဘီကိုပြောပါတယ်။

ခုနောက်ပိုင်းမှာ ဂန့်ဂေါမြို့နယ်က အကြောင်းအမျိုးမျိုးကြောင့် သစ်တောတွေ ပြုန်းတီး လာနေတဲ့အတွက် စံချိန်တင်အပူချိန်တွေမြင့်တက်လာသလို သဘာဝဘေးဒဏ်တွေလည်း ပိုမိုခံစားလာနေရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာလည်း မနေ့က လေပြင်းတွေ တိုက်ခတ်ခဲ့လို့   စာသင်ကျောင်းဆောင်နဲ့  လူနေအိမ်အချို့ အမိုးလန် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013