DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်​တွင်​ လက်​လုပ်​မိုင်းတစ်​လုံး ​ပေါက်​ကွဲ
DVB
·
May 10, 2017
ရေပူဂိတ်​တွင်​ လက်​လုပ်​မိုင်းတစ်​လုံး ​ပေါက်​ကွဲ
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး-သိန္နီ ရေပူစစ်ဆေးရေးစခန်းအနီး ၁၀ ပေအကွာ မေလ ၉ ရက် ည ၁၁ နာရီအချိန်က ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပါဘူး။

ရေပူဂိတ်မှာတာဝန်ကျတဲ့ အကောက်ခွန် ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က "မနေ့ည ၁၁နာရီအချိန် သိန္နီဘက်အထွက်လမ်းနဲ့ ၁၀လောက်အကွာမှာ ပေါက်ကွဲတာပါ။ ထိခိုက် ပျက်စီးမှုတော့ ဘာမှတော့ မရှိပါဘူး။ အဲအချိန်က ဦးလေးတို့ ခဏနားနေတဲ့ အချိန်မှာပေါ့။ ဖြစ်နိုင်တာက ဒေသန္တရ အသံမိုင်းဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။

အဆိုပါ လက်လုပ်မိုင်းဟာ ဘယ်သူ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာ မသိရသေးဘဲ လက်ရှိအချိန်မှာတော့ အန္တရာယ်ကြိုတင်ကာကွယ်ဖို့အတွက်  တပ်နဲ့ ရဲအင်အားတိုးမြှင့်လျက်ရှိနေပြီး ဖမ်းစီးမှုတွေကတော့  ပုံမှန်အတိုင်းဆက်လုပ်နေမယ်လို့ ဦးတက်ထွန်းအောင်က ပြောပါတယ်။

"ဒါကတော့ သူတို့အလုပ် သူတို့လုပ်တယ်။ ဦးလေးတို့ဘက်က သစ်တွေ ကျောက်တွေ ဖမ်းတာများလာတဲ့ အခါကတော့ သူတို့အတွက် အထိအခိုက် တစ်စုံတစ်ရာ ရှိနိုင်တာပေါ့။ သူတို့ ဒီလိုလုပ်လည်း ဦးလေးတို့ လုပ်ငန်း ရပ်တန့်မှာ မဟုတ်ပါဘူး။ လုပ်စရာရှိတာလုပ်မှာပါပဲ"

လက်ရှိတွင် ရေပူဂိတ်မှာ  ဖမ်းဆီးရမိမှုတွေအထဲ  တရားမ၀င်သစ်တွေကအများဆုံးဖြစ်ပြီး တရားမဝင်ပစ္စည်းဖမ်းမိတဲ့ တန်ဖိုး  ကျပ်သိန်း ၃သောင်းနီးပါးရှိပြီလို့ သိရပါတယ်။

သတင်း-ဓာတ်ပုံ- နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013