DVB Logo
Home
မြန်မာသတင်း
ကိုရင်ငယ်လေးများ မိုင်းထိခဲ့သည့် မိုင်းရင်ရွာတွင် မြေမြှုပ်မိုင်း၂၃ လုံးထပ်မံတွေ့ရှိ
DVB
·
May 10, 2017
ကိုရင်ငယ်လေးများ မိုင်းထိခဲ့သည့် မိုင်းရင်ရွာတွင် မြေမြှုပ်မိုင်း၂၃ လုံးထပ်မံတွေ့ရှိ
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မိုင်းရင်ရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ တပ်မတော်စခန်းဟောင်းအကြွင်းအကျန် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကိုရင်ငယ် ၈ ပါး ဒဏ်ရာရပြီးတဲ့နောက်  ကိုရင်တွေ မိုင်းကောက်ရခဲ့တဲ့ နေရာမှာဘဲ နောက်ထပ်မြေမြှုပ်မိုင်း ၂၃ လုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မိုင်းရင်ကျေးရွာ ဘုန်းကြီးကျောင်းအနောက်ဘက်  ကိုက် ၁၅၀ လောက်သာ ကွာဝေးတဲ့ ဦးစိုင်းလရဲ့ ခြံထဲမှာ မေ ၈ ရက်နေ့က ခြံရှင်းရင်း မြေမြှုပ်မိုင်းတွေ တစွန်းတစပေါ်နေတာတွေ့လို့ တပ်မ၃၃ လက်အောက်ခံ တပ်ရင်း ၇၆ တာဝန်ရှိသူတွေကို သွားရောက် အကြောင်းကြားခဲ့တယ်လို့  မိုင်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းလင်းကပြောပါတယ်။

“ ခြံရှင်းတော့ မြေကြီးထဲမှာ မြေမြှုပ်မိုင်းတွေ ပေါ်နေတာတွေ့လို့ မတူးရဲဘဲ မိုင်းရင်မှာရောက်နေတဲ့ တပ်မတော်ကို သွားအကြောင်းကြားတာ။ မနေ့ကတော့ တပ်မတော်သား ၅ ယော က် ၆ ယောက် ရောက်လာပြီး တူးဖော်ပေးကြတယ်။ ၁ ဧကကျော်လောက်ရှိတဲ့ သူတို့ ခြံထဲမှာ စုစုပေါင်း မိုင်းနောက်ထပ် ၂၃ လုံး ထပ်တွေ့တယ်။ အဲဒါ အကုန်ရေထဲပစ်ချလိုက်ပြီ။ ”

တပ်မတော်သားတွေက မိုင်းတွေကုန်သလောက်ရှိပြီဖြစ်ကြောင်း ၊ ဒါပေမယ့် တတ်နိုင်ရင် အဲဒီခြံမြေမှာ လုပ်ကိုင်စားသောက်တာ မပြုဖို့ မှာသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ခြံပိုင်ရှင်ကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က အသိမ်းခံထားရတဲ့မြေတွေ မနှစ်ကမှ တပ်မတော်က ပြန်အပ်လို့ ပြန်လည်လုပ်ကိုင်ခွင့်ရပြီးမှ မကြာသေးဘဲ  နောက်တဖန်ပြန်ပြီးမစွန့်လွှတ်ချင်တာကြောင့် တပ်မတော်အနေနဲ့ မိုင်းအစအနပေါ်တဲ့ နေရာမှာတင် တူးဖော်ရုံမကဘဲ ကျန်တဲ့နေရာတွေမှာလည်း လာရောက်ရှာဖွေရှင်းလင်းပေးဖို့ ခြံပိုင်ရှင်က တောင်းဆိုထားပါတယ်။

မေ ၈ ရက်နေ့က မိုင်းတွေကို ဘောလုံးကို  ဆော့ကစားရင်း ဒဏ်ရာရသွားတဲ့ကိုရင် ၈ ပါးအနက် ၀မ်းဗိုက်ကို ထိထားတဲ့ ကိုရင် ၃ ပါး အခုထက်ထိ လားရှိုးဆေးရုံ အရေးပေါ်ခန်းထဲမှာဘဲရှိနေပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိကြောင်း၊ ခေါင်းမှာထိပြီး မန္တလေးဆေးရုံပို့ထားရတဲ့ ကိုရင်ကတော့ သက်သာလာပြီလို့ ရွာသူကြီးကပြောပါတယ်။

ဒဏ်ရာရ ကိုရင် ၈ ပါးကို ရှမ်းပြည်နယ်အစိုးရက တစ်ပါးကို ကျပ် ၅ သောင်း၊ နမ္မတူမြို့နယ် ဥက္ကဋ္ဌက တစ်ပါးကို ကျပ် ၅ သောင်း၊ လားရှိုးခမ်းကူစင်တာက တစ်ပါးကို ၅ သောင်း၊ မိုင်းရင် ကျောင်းထိုင်ဆရာတော်မက တပါးကို ကျပ် ၅ သောင်း၊ လားရှိုးရှမ်းစာပေယဉ်ကျေးမှုအဖွဲ့က  တပါးကို ၂ သောင်း ၅ ထောင် ထောက်ပံ့ကူညီခဲ့ပါတယ်။

ဒါ့အပြင် လားရှိုးဓာတ်ပုံတိုက်နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေလည်း  လာရောက် ကူညီ ကြကြောင်း၊ ဆေးရုံက ကုန်ကျစရိတ်တော့ ထွက်မလာသေးလို့ ဘယ်လောက်ကုန်မယ် မသိသေးဘူးလို့  မိုင်းရင်သူကြီး ဦးစိုင်းထွန်းလင်းက ပြောပါတယ်။

ဓာတ်ပုံ - Sai Han Tai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013