DVB Logo
Home
မြန်မာသတင်း
မီဒီယာအလုပ်ရုံဆွေးနွေးပွဲ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနအချို့ တက်ရောက်
DVB
·
January 30, 2012
မီဒီယာအလုပ်ရုံဆွေးနွေးပွဲ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနအချို့ တက်ရောက်
1 / 3
Donate to DVB

ဒီကနေ့ စတင်ကျင်းပနေတဲ့ Media Development in Democratic Society လို့ အမည်ပေးထားတဲ့ အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပတဲ့ သတင်းမီဒီယာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ပအခြေစိုက် မြန်မာသတင်းဌာနအချို့ တက်ရောက်ခဲ့ကြပါတယ်။

[caption id="attachment_20581" align="alignright" width="300" caption="မီဒီယာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

အာဆီယံ မီဒီယာသတင်း အချက်အလက်နဲ့ ဆက်သွယ်ရေးစင်တာ (Asian Media Information and Communication Centre (AMIC) နဲ့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့(MWJA) တို့ ဦးဆောင်ကျင်းပတဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ဘီဘီစီနဲ့ ဗွီအိုအေ သတင်းဌာနတွေရဲ့​ မြန်မာပိုင်းတွေက တာဝန်ရှိသူတွေနဲ့ မဇ္ဈိမသတင်းဌာနတို့ တက်ရောက်ခဲ့ကြတာပါ။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေက သတင်းမီဒီယာသမားတွေနဲ့ တက္ကသိုလ်တွေက ပညာရှင်တွေ၊ အစိုးရသစ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့တွေက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပြီး စာတမ်း ၁၁ စောင်ကို ဖတ်ကြားခဲ့ကြ ပါတယ်။

[caption id="attachment_20582" align="alignleft" width="300" caption="ဦးသန်းလွင်ထွန်း (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

အဲ့ဒီထဲမှာ ဗွီအိုအေမြန်မာပိုင်းရဲ့ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဦးတင့်ဆွေတို့လည်း စာတမ်းတွေဖတ်ကြားခဲ့ပါတယ်။

ဒီစာတမ်းတွေနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်စီစဉ်နေတဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှု) က အခုလို ပြောပြပါတယ်။

“ဦးတင့်ဆွေကတော့ အရင်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဥပဒေတွေနဲ့ ပြောင်းလဲလာတဲ့အပေါ်ပေါ့ သူပြောသွားတယ်။ အခုလက်ရှိ မီဒီယာ ဥပဒေအပေါ်မှာ အသေးစိတ် ရှင်းတာမဟုတ်ဘူး။ ဘယ်လိုပုံစံ ပြောင်းလာတယ်။ ၁၉၆၂ လက်ထက်မှာဘယ်လို၊ ထောက်လှမ်းရေးလက်ထက်မှာ ဘယ်လိုပေါ့ဗျာ။ နောက်တခါ ၂၀၀၄ ခုနှစ်မှာ စည်းမျဉ်းစည်းကမ်းတွေ လုပ်လာတာ၊ အခုထက်ထိ နောက်ဆုံးအခု သူတို့မီဒီယာ ဥပဒေတခုကို ဘယ်လောက်လုပ်နေတယ်ဆိုတာ ပြောသွားတာ။ ဦးသန်းလွင်ထွန်း စာတမ်းကတော့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍဆိုပြီး သူဖတ်သွားတယ်။ နောက်တယောက်က ဦးဇေယျသူဖတ်တယ်။ ဖတ်ပြီးတော့ အဲဒီအားလုံးကို အားလုံးစည်းဝေးပြီး စာတမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်ပါတယ်။”

[caption id="attachment_20583" align="alignright" width="300" caption="ဦးတင့်ဆွေ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

မနက်ဖြန်ပြုလုပ်မယ့် အလုပ်ရုံ ဆွေးနွေးပွဲမှာတော့ သတင်းမီဒီယာ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေ၊ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး ပါဝင်သင့်တာ၊ မပါဝင်သင့်တာမျိုးတွေနဲ့ မြန်မာနိုင်ငံမှာ သတင်းစာ​ သင်တန်းကျောင်းတွေ​ ​ပေါ်ပေါက်လာစေရေးအတွက်​ ​ဆွေးနွေးကြဖို့ ရှိနေပါတယ်။

အစိုးရသစ်လက်ထက်​ ​ပထမဆုံးအနေနဲ့​ ​ပြည်တွင်း ပြည်ပ မြန်မာ သတင်းမီဒီယာသမားတွေ တက်ရောက် ဆွေးနွေးခဲ့ကြတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲအပေါ်ကိုလည်း ဦးကိုကို (စက်မှု)က အခုလိုပြောပါတယ်။

“ဒီနေ့ မီဒီယာဆွေးနွေးပွဲက အားလုံးစိတ်ပါဝင်စားစွာနဲ့ ၀ိုင်းဝန်းဆွေးနွေးကြတယ်။ အဲဒါလေးတခုကတော့ တော်တော် ၀မ်းသာစရာကောင်းတယ်။ နောင်လာမယ့် အလုပ်ရုံ ဆွေးနွေးပွဲတွေမှာလည်း ဖြစ်နိုင်ရင် ကျနော်တို့ဘက်ကတော့ ပိုပြီးတော့ ကျနော်တို့နဲ့ ဝေးကွာနေတဲ့ မိတ်ဆွေ၊ ညီအစ်ကိုတွေ၊ သတင်းစာသမားတွေ အားလုံးကို ရန်ကုန်မှာ စုံစုံညီညီနဲ့ ပြန်တွေ့ပြီး မီဒီယာလောက ဖွံ့ဖြိုးတိုးတက်အောင် အားလုံးဝိုင်းပြီး လက်တွဲ ဆောင်ရွက်ချင်ပါတယ်။”

လက်ရှိအခြေအနေမှတော့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ပုံနှိပ်ထုတ်ဝေရေးဆိုင်ရာ ဥပဒေမူကြမ်းတခုကို ရေးဆွဲပြီးထားပြီး လွှတ်တော်ကိုတင်ပြ အတည်ပြုဖို့ ရှိနေပါတယ်။

အဲ့ဒီဥပဒေ မူကြမ်းထဲမှာတော့ စာပေစိစစ်ရေးဦးစီးဌာနကို ဖျက်သိမ်းပြီး စာနယ်ဇင်းကောင်စီအဖြစ် ပြင်ဆင်ဖွဲ့စည်းမယ်ဆိုတဲ့ အချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013