DVB Logo
Home
မြန်မာသတင်း
မင်္ဂလာတောင်ညွန့်တွင် အမျိုးသားရေးအင်အားစုများရောက်လာပြီး ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)
DVB
·
May 10, 2017
မင်္ဂလာတောင်ညွန့်တွင် အမျိုးသားရေးအင်အားစုများရောက်လာပြီး ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)
Donate to DVB


ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်း ၁၂၂ လမ်း လူနေတိုက်ခန်းတခန်းမှာ မနေ့ည ၁ဝ နာရီလောက်က ခိုးဝင်နေထိုင်သူတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ သံဃာတချို့က ရပ်ကွက်ထဲ စုဝေးရောက်ရှိလာပြီး ရဲ၊ လဝကတို့နဲ့အတူ တိုက်ခန်းကို တက်ရောက်ရှာခဲ့ပါတယ်။

ရှာဖွေရာမှာ ဘာမှမတွေ့ရဘဲ ပြန်ဆင်းသွားပြီးနောက် လာရောက်ကြည့်ရှုသူတွေကို ကြိမ်းမောင်းရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့လို့ ရပ်ကွက်နေ အမျိုးသားတဦး ဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရပါတယ်။

အဲဒီနောက် မင်္ဂလာတောင်ညွန့်ရဲစခန်းရှေ့မှာ သွားရောက်လူစုခဲ့ပြီး ရပ်ကွက်ထဲက သူတွေကို  အော်ဟစ်ဆဲဆို ကြိမ်းမောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအဆင့် ရဲတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ ဖြည့်တင်းရောက်ရှိလာကာ အော်ဟစ်ဆဲဆိုနေသူတွေကို တားဆီးခဲ့ရပြီးနောက် အမျိုးသားရေးအင်အားစုတွေဟာ ကားတွေနဲ့ ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

အခြေအနေကို ပဋိပက္ခအသွင် ဆိုးရွားမသွားစေဖို့ လွှတ်တော်အမတ်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း လာရောက်ထိန်းသိမ်းပေးခဲ့ကြပါတယ်။

မင်္ဂလာတောင်ညွန့်မှာ လူဖမ်းပွဲရှိတယ်ဆိုပြီး လူအင်အားစုတာတွေကို ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာ အခင်းမဖြစ်မီ ၁ ရက်လောက်ကတည်းက ရေးသားထားတာတွေ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013