DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 9, 2017
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၁သောင်း ၂ထောင် ကျပ် ဈေးကျဆင်းသွားပြီးတော့ ၁ တန်ကို ဒီနေ့ ပေါက်ဈေးက ၉သိန်း ၃သောင်း ၆ထောင် ပေါက်ဈေးရှိနေပါတယ်။

ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၃၀ ကျပ်ဈေး ကျဆင်းသွားပြီးတော့ ၁ ပိဿာကို ၁၉၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ငွေကျပ် ၁၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၆၇၀၀ ကျပ် ရှိပါတယ်။

ငရုတ်ရှည်
ငရုတ်ရှည်က ဒီနေ့မှာ ၁ ပိဿာကို ၃၃၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာ ငွေကျပ် ၅၀ ဈေးတက်လာပါတယ်။

နှမ်းနက်
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်က ၁ အိတ်ကို ငွေကျပ် ၁သောင်းဈေး ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၉သောင်း ရှိပါတယ်။

ပန်းနှမ်း
ပန်းနှမ်းကတော့ ၁ အိတ်ကို ၁ထောင် တက်လာပြီး ဒီနေ့ ပေါက်ဈေးက ၇သောင်း ၁ထောင်ကျပ် ပေါက်ဈေးရှိနေပါတယ်။

မန်ကျည်းတောင့်
ပခုက္ကူကုန်စည်ဒိုင်မှာတော့ မန်ကျည်းတောင့်က ၁၇၃၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၃၀ ဈေးတက်လာပါတယ်။

ဖရဲသီး ၈၅၅
မူဆယ်ကုန်စည်ဒိုင်မှာတော့ ဖရဲသီး ၈၅၅ က ၁ တန်ကို ၅သိန်း ၇သောင်းကျော် တက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၇သိန်း ၆သောင်း ၈ထောင် ပေါက်ဈေးရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013