DVB Logo
Home
မြန်မာသတင်း
လူထုဗဟိုပြုစီမံကိန်းအတွက် စစ်ကိုင်းတိုင်းအတွင်း ၂ မြို့နယ် ရွေးချယ်ပွဲပြုလုပ်
DVB
·
May 9, 2017
လူထုဗဟိုပြုစီမံကိန်းအတွက် စစ်ကိုင်းတိုင်းအတွင်း ၂ မြို့နယ် ရွေးချယ်ပွဲပြုလုပ်
Donate to DVB

 

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်းအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၂ မြို့နယ် ထပ်တိုး ဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်ရွေးချယ်ပွဲကို မေ ၉ ရက်နေ့က မုံရွာမြို့၊ မြစန္ဒာခန်းမမှာ ပြုလုပ်နေပါတယ်။

ဒီစီမံကိန်းကို ၂၁၀၃ ခုနှစ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်တာ တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ လူထုဗဟိုပြုစီမံကိန်းကို တနိုင်ငံလုံးရှိ မြို့နယ် ၆၃ မြို့နယ်က လူဦးရေ ၇ သန်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းမှာ ရည်ရွယ်ချက် ၃ ချက်ဖြစ်တဲ့ စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် ငွေကြေး ထောက်ပံ့ခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်တွေ ရေးဆွဲပြီး စွမ်းဆောင်ရည် မြင့်မားအောင် ဆောင်ရွက်ခြင်း၊ လူတန်းစားမရွေး ပူးပေါင်းပါဝင်နိုင်ရေးတို့ကို အဓိကရည်ရွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လူထုဗဟိုပြုစီမံကိန်းကို ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၃၂ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို စစ်ကိုင်းတိုင်းအတွင်းမှာ မြောင်၊ ဗန်းမောက်၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ ၂ မြို့နယ် ရွေးချယ်ရေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013