DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းပညာရေးကျောင်းသားများကို ထောင်ဒဏ် ၄ လစီချမှတ်
DVB
·
May 9, 2017
စစ်ကိုင်းပညာရေးကျောင်းသားများကို ထောင်ဒဏ် ၄ လစီချမှတ်
1 / 5
Donate to DVB

 

မန္တလေးမြို့မှာ ပြီးခဲ့တဲ့လကဆန္ဒပြလို့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ စစ်ကိုင်းပညာရေး ကောလိပ်က ဗကသကျောင်းသား ၄ ယောက်ကို ချမ်းအေးသာဇံမြို့နယ် တရားရုံးက ဒီကနေ့ မနက် ထောင်ဒဏ် ၄ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဗကသကျောင်းသား ကောင်းဇော်ဟိန်း၊ ရဲမျိုးဆွေ၊ ဇော်ရဲထွဋ်နဲ့ နှင်းအောင်တို့ကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်သလို တရားရုံးကို မထင်မဲ့မြင်ပြုမှုနဲ့ ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၁လ ကျခံဖို့ အမိန့်ချမှတ်ခဲ့တာလို့ တရားရုံးထုတ်ရာ ကိုသွားရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိုးမိုးထွန်းက ပြောပါတယ်။

“ဒီနေ့မိန့်ချလိုက်တာက ပုဒ်မ ၁၉ နဲ့က ထောင်ဒဏ် ၃ လ၊ တရားရုံးကို မထင်မဲ့မြင်ပြုမှုနဲ့က ဒဏ်ငွေ၂၀၀၀၀၊ အဲဒီဒဏ်ငွေ ၂သောင်းကို မဆောင်ဘူးဆိုရင် ထောင်ဒဏ် ၁လပေါ့။ အဲဒီတော့ သူတို့က ဒဏ်ငွေ မဆောင်တဲ့အတွက် ၄ လဖြစ်သွားတာပေါ့။  သူတို့ကတော့ ၂၀၀၈ အခြေခံ ဥပဒေအောက်မှာရှိတဲ့ တရားစီရင်ရေးကိုလုံးဝ အယုံအကြည်မရှိဘူးပေါ့။ အယုံအကြည် မရှိတဲ့အတွက် တရားစီရင်ရေးစနစ်ကိုလည်း သပိတ်မှောက်တယ်ပေါ့။ ဆိုတော့ ပြီးခဲ့တဲ့ ရုံးထုတ်က လုပ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပေါင်းပြီးတော့ တရားရုံး မထင်မဲ့မြင်ဆိုပြီး လုပ်လိုက်တာပေါ့။ ”

ဒါ့အပြင် ဒီကနေ့ ရုံးထုတ် အမိန့်ချတဲ့နေ့မှာ ကျောင်းသားတွေက လက်ထိတ်ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ရာ တရားသူကြီးကမဖြုတ်ပေးတဲ့အတွက် ကျောင်းသားတွေက တရားရုံးအတွင်း အော်ဟစ်သီချင်းဆိုခဲ့ပါတယ်။  အချုပ်ကို ပြန်ခေါ်တဲ့အချိန်မှာလည်း ရဲတွေက ကျောင်းသားတွေကို အကြမ်းဖက် ခေါ်ဆောင်ပြီး ကားပေါ်တင်သွားခဲ့ပါတယ်။

တရားစွဲဆိုထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုကောင်းဇော်ဟိန်းရဲ ဖခင်ဖြစ်သူ ဒေါက်တာစိုးသန်းမောင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်သရွေ့ တက်ကြွလှုပ်ရှားသူတွေ ဒီလို ဖြစ်စဉ်နဲ့ ရင်ဆိုင်ရဦးမယ်လို့ ပြောပါတယ်။

“ဒီ ၂၀၀၈ အခြေခံဥပဒေ ရှိနေသရွေ့ ဒီလိုအဖြစ်မျိုးတွေကြုံနေရမှာပဲ။ ကျောင်းသားပဲ ဖြစ်ဖြစ်၊  အလုပ်သမားပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ်၊ ဒီလိုအဖြစ်မျိုးတွေ ကြုံနေရဦးမှာပဲ။  ဒါကြောင့်မို့ ၂၀၀၈ အခြေခံဥပဒေကို ကျနော်တို့ တတိုင်းတပြည်လုံး ဖျက်နိုင်ဖို့ ကြိုးစားဖို့ လိုတယ်ဆိုတဲ့ဟာကိုပဲ ကျနော်ပြောချင်တယ်။”

စစ်ကိုင်းပညာရေးကောလိပ်က ကျောင်းသား ၂ ဦးက စစ်တပ်ပုံစံ ဖိနှိပ်အုပ်ချုပ်မှု အလိုမရှိဆိုပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနရှေ့မှာ ဧပြီ ၂၆ ရက်က ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပြီး ၁၅ မိနစ်လောက်အကြာမှာပဲ ရဲက သူတို့ကို ဖမ်းဆီးပြီး သူတို့ကို ကူညီပေးတဲ့ နောက်ထပ် ၀န်းရံဗကသ ကျောင်းသား ၂ ဦးကိုပါ ဖမ်းဆီး တရားစွဲဆိုခဲ့တာပါ။

ဓာတ်ပုံ - အောင်အောင်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013