DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်တွင် ဓားပြအဖွဲ့ခေါင်းဆောင် ၁ ဦးကို ဝိုင်းဝန်းဖမ်းဆီးရမိ
DVB
·
May 9, 2017
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ်တွင်းက သ၀င်ချောင်း၊ ဂွဆုံ၊ ဆူရာခါလီစတဲ့ ကျေးရွာအုပ်စုတွေမှာ မကြာခဏ ပြစ်မှုကျူးလွန်လေ့ရှိတဲ့ ဓားပြအဖွဲ့က ခေါင်းဆောင် ၁ ဦးကို ဖမ်းမိခဲ့တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရှိရပါတယ်။

မေလ ၈ ရက် ည ၉ နာရီလောက်မှာ မောင်တောမြို့နယ် ဆူရာခါလီကျေးရွာကို အရှေ့ဘက်က ၀င်ရောက်လာတဲ့လူ ၃ ဦးကို ပိတ်ဆို့ဖမ်းဆီးတဲ့အခါ ဓားပြခေါင်းဆောင်တဦးဖြစ်တဲ့ အဒူရာကို ကျည်ဆန်မပါတဲ့ လုပ်သေနတ် တလက်နဲ့အတူ ဖမ်းဆီးရမိပြီးနောက် ၂ ဦးကတော့ လွတ်မြောက်သွားခဲ့ပါတယ်။

အဒူရာကို ဖမ်းဆီးချိန်မှာ ကျေးရွာသားတချို့က ၀ိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက် ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ပြီး မောင်တောဆေးရုံကို တင်ပို့ထားလိုက်ရပါတယ်။

မောင်တောတောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ အဒူရော်ကိန်း ဦးဆောင်တဲ့ ဓားပြအဖွဲ့က မကြာခဏ တိုက်ခိုက်လုယက်တာ၊ အစိုးရဌာနဆိုင်ရာတွေနဲ့ ဆက်စပ် သူတွကို ရှာဖွေသတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်တဲ့အတွက် ရဲတပ်ဖွဲ့က ကျေးရွာ ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေနေတာပါ။

အခုဖမ်းမိတဲ့ အဒူရာဟာ ဓားပြအဖွဲ့အဓိက ခေါင်းဆောင် အဒူရော်ကိန်းရဲ့ အစ်ကိုဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအမှုကို ကိုးတန်ကောက်ရဲစခန်းမှူးက တရားလိုပြုလုပ်အမှုဖွင့်ထားပြီး လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

မောင်တောမြို့နယ်ထဲမှာ ၂၀၁၆ အောက်တိုဘာလက ၂၀၁၇ မေလ ၈ရက် အထိ အရပ်သားသေဆုံးသူ ၃၀ ဦးရှိပြီး၊ ဖမ်းဆီးခံရလို့ ပျောက်ဆုံးနေသူ ၂၂ ဦးရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013