DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၁၂၅၀၀ ခန့်တန်ဖိုးရှိ ရှေးဟောင်းပေစာထုပ်များ ကနီမြို့နယ်တွင် ခိုးယူခံရ
DVB
·
May 9, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် တွင်းကျေးရွာ သဒ္ဓမ္မ နန္ဒိယာရာမကျောင်းတိုက်အတွင်း သိမ်းဆည်းထားတဲ့ ရှေးဟောင်းပေစာထုပ် ၁၂၅ ထုပ်ကို မေလ ၈ ရက်နေ့ မနက်ပိုင်းက ခိုးယူခံခဲ့ရတယ်လို့ ကနီမြို့မရဲစခန်းက ပြောပါတယ်။

ကနီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်မြင့်က "ကျနော်တို့ ဒီကိစ္စကို အမှုဖွင့်အရေးယူ ဆောင်ရွက် နေပါတယ်။ မသင်္ကာသူအချို့ကိုလည်း ခေါ်ယူစစ်ဆေးမေးမြန်းနေပါတယ်။ တရားခံ ဖမ်းမိနိုင်ဖို့ နီးစပ်နေပါပြီ"လို့ ပြောပါတယ်။

ပေစာတစ်ထုပ်မှာ ခန့်မှန်းပေအရွက်ရေ ၁၀၀ ခန့်ပါပြီး စုစုပေါင်း ခန့်မှန်း ကာလတန်ဖိုး ကျပ်သိန်း ၁၂၅၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၅ ခုနှစ်ကတည်းက အတည်ပြု ပြဌာန်းခဲ့ပေမယ့် ထိထိရောက်ရောက်လုပ်ဆောင်နိုင်တာ မရှိသေးပါဘူး။ ရှေးဟောင်းပစ္စည်းတွေ ကို ရောင်းချ၊ ဖျက်ဆီးပါက ဥပဒေအရ ပြစ်မှုကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် ၂နှစ်မှ ၁၀ နှစ်အထိ၊ ငွေဒဏ် ၁၅ သိန်းကျပ်မှ ကျပ်သိန်း ၁၀၀ ထိဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ် နိုင်တယ်လို့ သိရပါတယ်။

ဒီနှစ်အစောပိုင်းမှာလည်း ကနီမြို့နယ်မှာ ရှေးဟောင်းဘုရားတစ်ဆူ ခိုးယူတာ ဖြစ်ပေါ်ခဲ့ပါသေး တယ်။

ရှေးဟောင်းပေထုပ်တွေ ခိုးယူခံရတာနဲ့ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော် ဥူးနန္ဒိယက တရားလိုပြုလုပ်ကာ (ပ)၉၈/၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၈/၂၉၅ အရ ကနီမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013