DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၁၈၀ ကျော် ထိုင်းနိုင်ငံက ပြန်ပို့ခံရမည့်အရေးနှင့် ကြုံနေရ
DVB
·
May 9, 2017
မြန်မာအလုပ်သမား ၁၈၀ ကျော် ထိုင်းနိုင်ငံက ပြန်ပို့ခံရမည့်အရေးနှင့် ကြုံနေရ
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင် ပရန်ပူရီမြို့နယ်ထဲမှာ သင်္ကြန်ပိတ်ရက်တွင်း လုပ်အားခပေးမယ်ပြောပြီး အမှန်တကယ် မပေးတဲ့အတွက် အလုပ်သမားတွေက တောင်းဆိုရာမှာ အလုပ်ရှင်က မလိုက်လျောတဲ့အပြင် မြန်မာပြည် ပြန်ပို့ခံရမယ့်အရေးနဲ့ ကြုံနေရပါတယ်။

အဲဒီအလုပ်သမားတွေဟာ နာနတ်သီးစည်သွတ်ဘူးစက်ရုံမှာ လုပ်ကိုင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့သင်္ကြန်က ပိတ်ရက် ၈ ရက်မှာ ၃ ရက်စာ လုပ်အားခပေးမယ်လို့ အလုပ်ရှင်က ပြောထားပေမယ့် အခုထိမရသေးလို့ တောင်းဆိုရာမှာ ပြဿနာတက်နေတာလို့ အေအေစီ မဟာမိတ်အလုပ်သမား ကူညီရေးအဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်ပိတ်ရက် ၈ ရက်ကို ၃ ရက်စာပေးမယ်လို့ အလုပ်ရှင်ဘက်က ပြောထားပြီးမှ အခုမပေးတာ၊ အခု ပိုက်ဆံထွက်တာ ၂ ကြိမ်ရှိပြီ၊ လုံးဝမပေးဘူး၊ မပေးတဲ့အတွက် အလုပ်သမားတွေက ကျေနပ်မှုမရှိဘူး၊ ပြဿနာဖြစ်တာက လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကပေါ့၊ စက်ရုံဘက်က သူတို့ကို ပြန်ပို့မယ်ပြောလို့ ကျနော်တို့အဖွဲ့ကို လာတိုင်ထားတယ်၊ ကျနော်တို့ကလည်း ဥပဒေအတိုင်း ဆောင်ရွက်ပါလို့ ဖိအားပေးထားတယ်၊ ပြန်ပို့မယ်ဆိုရင် ကျနော်တို့တော့ လက်မခံဘူး။”

လောလောဆယ် အဲဒီပြဿနာကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးနဲ့ အလုပ်သမားအေဂျင်စီတို့ ပူးပေါင်းပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းပေးနေတာကြောင့် သူတို့အဖွဲ့အနေနဲ့ ပါဝင်ပြောဆိုတာမျိုး မလုပ်သေးဘဲ အဖွဲ့ဝင်တချို့ကို တောင်းဆိုတဲ့ အလုပ်သမားတွေကြားထဲမှာ အတူရှိနေစေတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီအလုပ်သမားတွေဟာ အမ်အိုယူ (ထိုင်း-မြန်မာ ၂ နိုင်ငံ သဘောတူ အလုပ်သမားစေလွှတ်ရေး) အစီအစဉ်နဲ့ ရောက်လာကြတာဖြစ်ပြီး တချို့တွေက ရောက်လာတာ ၃ လခန့်သာ ရှိသေးကြောင်း၊ ထိုင်းမှာ အလုပ်လာလုပ်ဖို့ မြန်မာငွေ ကျပ် ၅ သိန်းကနေ ၁၀ သိန်းထိ အကုန်ကျခံလာရပြီး အရင်းမကျေခင် ပြန်ပို့ခံရမယ့်အဖြစ်မျိုး အလုပ်သမားတွေဘက်က မလိုလားကြောင်း၊ ဒါပေမယ့် အလုပ်ရှင်က စာအုပ်တွေ ပြန်သိမ်းပြီး မြန်မာပြည် ပြန်ပို့မယ်ပြောတာကြောင့် စိုးရိမ်ပူပန်နေကြတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013