DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲ၊ ကိုရင် ၈ ပါး ဒဏ်ရာရ
DVB
·
May 8, 2017
နမ္မတူမြို့နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲ၊ ကိုရင် ၈ ပါး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာမှာ ဒီကနေ့ မနက်က မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းရင်ကျောင်းတိုက်မှ ကိုရင် ၈ ပါး ဒဏ်ရာရသွားပါတယ်။

အဆိုပါ ကိုရင်လေးတွေဟာ ဘုန်းကြီးကျောင်းနဲ့ မနီးမဝေး ပြောင်းဖူးခြံတခြံကနေ ကောက်ရ လာတဲ့ ဗုံးကို ဘော်လုံးလိုကစားရင်း ဒီကနေ့ မနက် ၁၀ နာရီက ပေါက်ကွဲခဲ့တာလို့ မိုင်းရင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကိုရင်လေးတွေက မနေ့က ပြောင်းဖူးခြံထဲကနေ ဗုံး ၂ လုံးကောက်ရလာတယ်တဲ့။ အန္တရာယ်ရှိ မှန်းမသိတော့ တလုံးကို ဒီကနေ့ ကျောင်းဝင်းထဲမှာ ကစားကြတယ်။ အဲဒါ ဘောလုံးလို ပစ်လိုက်တော့ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရကြတာပေါ့။ စုစုပေါင်း ၈ ပါး ဒဏ်ရာရတယ်။ ကျနော်တို့ ရပ်မိရပ်ဖတွေ၊ အုပ်ထိန်းသူတွေက လားရှိုးဆေးရုံကို ခေါ်လာတယ်။ ၂ ပါးက လားရှိုးဆေးရုံမှာ ဆေးထည့်ပြီး ပြန်သွားပြီ။ ၆ ပါးက ဒဏ်ရာပြင်းထန်လို့ အခုထိဆေးရုံမှာ၊ သူတို့ထဲက ခေါင်းပေါက်သွားတဲ့ ကိုရင်ကတော့ ဒဏ်ရာစိုးရိမ်ရလို့ ဒီနေ့ညနေ ၄ နာရီလောက်က မန္တလေးဆေးရုံကို လွှဲလိုက်ပြီ။ မပေါက်သေးတဲ့ ဗုံးတလုံးကျန်သေးတယ်။ အဲဒါ အန္တရာယ် ဖြစ်မှာစိုးလို့ ရေထဲကို အမြန်ဆုံးသွားပစ်ချလိုက်ဖို့ ရွာသားတွေကို မှာထားပါတယ်။ ကျနော်က တော့ အခုထိလားရှိုးဆေးရုံမှာ၊ ခွဲခန်းဝင်နေတဲ့ ကိုရင်တွေကို စောင့်နေတာ။”

ဒဏ်ရာရ ကိုရင်တွေထဲမှာ ဒီနှစ်ထဲ နမ္မတူမြို့နယ် ပရိယတ္တိစာပြန်ပွဲမှာ ပထမရထားတဲ့ အသက် ၁၇ နှစ်ရွယ် ကိုရင်ဥတ္တမလည်း ပါကြောင်း၊ သူကတော့ မကစားပေမယ့် အဲဒီနေရာနဲ့ မနီးမေ ၀းမှာမို့ ရင်ဘတ်နားဗုံးစမှန်သွားတာလို့ သူက ဆက်ပြောပါတယ်။

မိုင်းရင်ဘုန်းကြီးကျောင်းအနီး ခြံမြေတွေမှာ လွန်ခဲ့တဲ့ ၁၉၈၂ ခုနှစ်က ခလရ ၄၁ အစိုးရတပ်ရင်းမှ လာရောက်အခြေစိုက်ပြီး ၂၀၁၆ စက်တင်ဘာလမှာတော့ ရွာသားတွေလက်ထဲပြန်အပ်ခဲ့ကြောင်း၊ သူတို့လာရောက်စခန်းချစဉ်က လုံခြုံရေးအတွက် မြေမြှုပ်မိုင်းအများအပြားမြှုပ်နှံထားခဲ့ပြီး တပ်မတော်က အဆိုပါမြေမြှုပ်မိုင်းတွေ ဖော်ထုတ်ရှင်းလင်းခဲ့ပြီးဖြစ်ပေမယ့် အားလုံးမကုန်သေး တာကြောင့် ခုလိုတွေ့ရှိတာလို့ မိုင်းရင်ဥက္ကဋ္ဌက ပြောပါတယ်။

ကိုရင်လေးတွေ ဗုံးကောက်ရတဲ့ အဆိုပါပြောင်းဖူးခြံထဲမှာ ပြီးခဲ့တဲ့အပတ် ဧပြီလ ၃၀ ရက်နေ့ ကလည်း ဗုံးတလုံးကောက်ရခဲ့သေးကြောင်း၊ ခြံပိုင်ရှင်က ပေါင်းသင်ရင်း တွေ့ရှိပြီး အမှိုက်ပုံမီးရှို့ တဲ့ထဲ ပစ်ချလိုက်လို့ အားလုံးအလန့်တကြားဖြစ်ကုန်ပြီး နောက်နောင်ခုလိုမလုပ်ဖို့ သတိပေးခဲ့ရ တယ်လို့ ဆိုပါတယ်။

အခုလည်း မြေမြှုပ်မိုင်းတွေ ကုန်မကုန်ကို ဘယ်သူမှ တပ်အပ်ပြောလို့မရကြောင်း၊ တပ်မတော်ဘက်ကတော့ သူတို့တာဝန်ဝတ္တရားအရ ရှင်းလင်းခဲ့ပြီး ပြည်သူတွေဘက်ကလည်း သတိဝီ ရိယရှိဖို့၊ မြေမြှုပ်မိုင်းအန္တရာယ် ပညာပေးဖို့လည်း လိုအပ်ကြောင်း မိုင်းရင်ရွာအု ပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013