DVB Logo
Home
မြန်မာသတင်း
လေသေနတ်ကိုင်ထားသည့် ၁၅ နှစ်သားကို အမေရိကန်ရဲ သေနတ်ဖြင့် အသေပစ်ခတ်ဖမ်းဆီး (ရုပ်သံ)
DVB
·
May 8, 2017
လေသေနတ်ကိုင်ထားသည့် ၁၅ နှစ်သားကို အမေရိကန်ရဲ သေနတ်ဖြင့် အသေပစ်ခတ်ဖမ်းဆီး (ရုပ်သံ)
Donate to DVB


အမေရိကန်နိုင်ငံ စင်ဒီရာဂိုမြို့မှာ ရဲတွေကို ဘီဘီ လေသေနတ်နဲ့ ချိန်ခဲ့တဲ့ ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားကို ရဲတွေက သေနတ်နဲ့ အသေပစ်ခတ်လိုက်ရတဲ့အမှု မေလ ၆ ရက်နေ့ မနက်က ဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့ မနက်အစောပိုင်း ၃ နာရီ ၂၇ မိနစ်လောက်က ရဲဌာနကို ဖုန်းခေါ်ဆိုပြီး တိုရီပိုင်းအထက်တန်းကျောင်းရှေ့မှာ ရပ်နေတဲ့ လူငယ်တဦးရဲ့ အခြေအနေကို ကြည့်ရှုစစ်ဆေးပေးဖို့ အကြောင်းကြားခဲ့ပါတယ်။

တိုရီပိုင်းကျောင်းရှေ့ကို ရဲတွေ ကင်းလှည့်ကားနဲ့ ရောက်ချိန် အထက်တန်း ကျောင်းသားတစ်ဦးကို ရဲတွေက တွေ့ပါတယ် ကျောင်းသားက သူ့ခါးကြားထဲက သေနတ်လို့ယူဆရတဲ့ အရာတခုကို ဆွဲထုတ်ပြီး ရဲအရာရှိတွေကို ချိန်ရွယ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ရဲတွေက ကျောင်းသားကို သေနတ်နဲ့ မချိန်ရွယ်ပဲ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ် “၉၁၁ ကို ဖုန်းခေါ်ဆိုခဲ့သူကလည်း သံသယဖြစ်ဖွယ် လူငယ်က လက်နက်ကိုင်ဆောင်ထားတာ မရှိဘူးလို့ ပြောခဲ့လို့ ရဲတွေက လူငယ်ကို ကျောင်းရဲ့ ကားရပ်နားရာ နေရာမှာ သေနတ်ကို ချခဲ့ဖို့ ပြောတယ်။ ဒါပေမယ့် လူငယ်က လက်နက်ချဖို့ ငြင်းဆန်ခဲ့ပြီး ရဲအရာရှိတွေ သေနတ်ချိန်ပြီး လျှောက်လာတယ်” လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရဲတွေက လက်နက်ချဖို့ ဒုတိယအကြိမ် အမိန့်ပေးပေမယ့် လူငယ်က လက်နက်မချပဲ ငြင်းဆန်ခဲ့လို့ ရဲတွေက သေနတ်နဲ့ ပစ်ခတ်လိုက်ရပြီး အဲ့ဒီသေနတ်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီအခင်းဖြစ်ပွားမှုက S-A-T ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုဖို့ ကျောင်းသားတွေ မရောက်မှီ နာရီပိုင်းအလိုက ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒေသခံဖြစ်ပြီး တိုရီပိုင်း အထက်ကျောင်းက ကျောင်းသားဖြစ်တဲ့ လူငယ်ရဲ့အသက်ကြောင့် သူ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို မဖော်ပြထားဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013