DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံမြို့နယ်တွင် ရွာသား ၁ ဦး ဒူးလေးဖြင့် ပစ်ခံရ၍သေဆုံး
DVB
·
May 8, 2017
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ယန်းဝိုးရွာမှာ မေလ ၅ ရက် ညနေပိုင်းက ရွာသားတဦးက မူးယစ်ရမ်းကားပြီး  ဒူးလေးနဲ့ ပစ်ခတ်ခဲ့လို့  ကျေးရွာသား ၁ဦး သေဆုံးခဲ့တယ်လို့ ကျိုင်းတုံမြို့မရဲစခန်းက ပြောပါတယ်။

သေဆုံးသွားသူ ဦးစိုင်းဆမ်တွီဟာ  ကတ်ဖကျေးရွာရှိ မင်္ဂလာဆောင်တခုမှအပြန် ယန်းဝိုးရွာ ဘုန်းကြီးကျောင်းနားမှာ တရွာတည်းနေ စိုင်းဆမ်(ခ)ရွှေအ ဆိုသူက  ဝါးချွန်မြားတံနဲ့  ၂ ချက် ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်ကို ထိမှန်ပြီး မှောက်ရက်လဲကျစဉ် ထင်းခုတ်ဓားနဲ့ ကုပ်ကို တချက်ခုတ်ပြီး ဒူးလေးလက်ကိုင်နဲ့ ထပ်မံရိုက်နှက်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တာပါ။

သေဆုံးသွားသူရဲ့ သမီးဖြစ်သူ မနန်းလာ(ခ)အီလာက  တွေ့မြင်ပြီး အော်ဟစ် အကူအညီတောင်းရာမှာ  စိုင်းဆမ်က ထွက်ပြေးသွားခဲ့ပါတယ်။

မေလ ၆ ရက်နေ့မှာ စိုင်းဆမ်ဟာ မူးယစ်ပြီးရွာမှာ ထပ်မံရမ်းကားနေတဲ့အတွက် ကတ်ဖကျေးရွာအုပ်ချုပ်ရေးမှူးက ကတ်တောင်နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့လို့ ရဲက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

စိုင်းဆမ်ကို ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးမေးမြန်းစဉ် ည  ၅ ရက်နေ့က လူသတ်မှုဖြစ်စဉ်ကို သိရှိရပြီး သေဆုံးသူရဲ့ သမီးဖြစ်သူ မနန်းလာက အမှုဖွင့် တိုင်ကြားခဲ့ တာကြောင့် ကျိုင်းတုံမြို့မရဲစခန်းက (ပ)၇၃/၂၀၁၇၊ ပုဒ်မ ၃၀၂နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့  ရွာဓလေ့အရ ညတွင်းချင်း မီးသဂြုင်္ိဟ်ခဲ့ပြီးဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ- သားသား/အာကာထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013