DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် အလှမယ်သရဖူဆု မေသွယ်မိုး ဆွတ်ခူးရရှိ
DVB
·
May 8, 2017
Donate to DVB

ကလေးမြို့ မြို့တော်ခန်းမမှာ မနေ့ကကျင်းပတဲ့  Miss Goldenland Chin State 2017 Final ပြိုင်ပွဲမှာ ကလေးမြို့က အလှမယ် မေသွယ်မိုး (ခါးနံပါတ် ၈)က သရဖူဆုရရှိသွားပြီး မသူသူဟန် (နံပါတ် ၅)က Face of Miss Chin State သရဖူဆု ဆွတ်ခူးရရှိသွားပါတယ်။

ဒီပြိုင်ပွဲမှာ ချင်းပြည်နယ် မင်းတပ်နဲ့ တီးတိန်မြို့က အလှမယ်တွေပါမကပဲ စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ ခမ်းပတ်မြို့တွေကပါ ပြိုင်ပွဲဝင် အလှမယ် ၁၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတဦးဖြစ်တဲ့ ဒါရိုက်တာ ကျော်ကျော်က" ပြိုင်ပွဲ ဆန်ကာတင် ၂၀ဦး ရွေးထားပေမယ့် ၁၆ ဦးပဲဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၄ဦးကတော့ အကြောင်းအမျိုးမျိုးကြောင့်လာရောက်ယှဉ်ပြိုင်လာခြင်းမရှိပဲ ပျက်ကွက်ခဲ့ကြတယ်" လို့ ပြောပါတယ်။

ဒီပြိုင်ပွဲမှာ  Miss Globe Myanmar 2016ဆုရှင် မြတ်အိနြေ္ဒထက် နဲ့ Miss Supranational Myanmar 2015 အလှမယ် L Bawk Nu တို့လဲ တက်ရောက် အကဲဖြတ်ပေးခဲ့ကြပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013