DVB Logo
Home
မြန်မာသတင်း
စည်းကမ်းပျက် YBSယာဉ်လိုင်းများကို စစ်ဆေး ပိတ်သိမ်းမည်
DVB
·
May 8, 2017
Donate to DVB

စည်းကမ်းပျက်ယာဉ်တွေ များနေတာကြောင့် YBS ဘတ်စ်ကားယာဉ်လိုင်းတွေကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA က မေလ ဒုတိယပတ်မှာ စတင်စစ်ဆေးအရေးယူဖို့  စီစဉ်နေပါတယ်။

ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ ဒါရိုက်တာ ဦးကိုကိုနိုင်က “ကားတွေပေါ်မှာ ခရီးပိုင်းဖြတ်တာတွေကို YRTA က ကပ်ခိုင်းထားတယ်။ ကားအများစုမှာ မရှိဘူး။ ဒါတွေကို အဓိက စစ်ဆေးမယ် ထင်ပါတယ်။ စည်းကမ်းပျက်လိုင်းတွေကိုလည်း ပိတ်သိမ်းမယ်လို့ ပြောထားပါတယ်” လို့ ပြောပါတယ်။

YBS ယာဉ်လိုင်းတွေမှာ အဲကွန်းဖွင့်မမောင်းတဲ့ ကားတွေကို ယာဉ်စီးခပိုင်းဖြတ်ပြီး ခရီးစဉ် တပိုင်းကို ၁၀၀ ကျပ်သာ ကောက်ခံဖို့ YRTA က ထုတ်ပြန်ထားပေမယ့် လိုက်နာမှုမရှိတာတွေလည်း ရှိနေပါတယ်။

Power Eleven ကုမ္ပဏီ ရဲ့ ဒါရိုက်တာ  ဦးတရုတ်လေးက “ကုမ္ပဏီတွေဘက်ကို သီးခြား ပြောဆိုထားတာတော့ မရှိသေးဘူး။ စစ်မှာတော့ အရမ်းကောင်းတယ်။ အခုက စည်းကမ်းပျက် ယာဉ်တွေ များနေတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ နှစ်ပေါင်းများစွာ ပြေးဆွဲနေတဲ့ မထသ ခရီးသည်တင် ဘတ်စ်ကား စနစ်ကို ဖျက်သိမ်းပြီး YBS စနစ်ကို   ၂၀၁၇ ဇန်နဝါရီလ ၁၆ က စတင်ပြေးဆွဲခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013