DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား သမ္မတ တက်ရောက်
DVB
·
May 8, 2017
Donate to DVB

၂၀၁၇ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ မေလ ၈ ရက်နေ့က ကျင်းပပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့နာယကဖြစ်တဲ့ နိုင်ငံတော်သမ္မတ  ဦးထင်ကျော် တက်ရောက်ခဲ့ပြီး “နိုင်ငံတော်အနေနဲ့ အသင်းကို လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာမှာ လွတ်လပ်စွာ ဆောင်ရွက်နိုင်သော တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတခုအဖြစ် ဥပဒေနဲ့ အညီ တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်” လို့ အဖွင့်အမှာစကား ပြောဆိုခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်များ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ၊ ဖက်ဒရေးရှင်းစတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ကမ္ဘာပေါ်မှာ ဖြစ်ပွားတဲ့ ဘေးဒုက္ခမျိုးစုံကြောင့် လူသန်းပေါင်း ၁၉၀၀ ကျော် ဘေးဒုက္ခဒဏ်ခံစားခဲ့ရပြီး လူပေါင်း ၇ သိန်းနီးပါး အသက် ဆုံးရှုံးခဲ့တယ်လို့ ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီဖက်ဒရေးရှင်းအဖွဲ့ရဲ့ ကမ္ဘာ့ဘေးဒုက္ခဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘေးဒုက္ခ ခံစားရသူပေါင်း ၁၂ သန်းကျော်ရှိခဲ့ပြီး အသက်ဆုံးရှုံးသူ ၁ သိန်း ၄ သောင်းနီ ပါးရှိတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့ကြက်ခြေနီ ဆောင်ပုဒ်ကတော့ “လူတိုင်းအတွက် အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ” (Everywhere for Everyone) ပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013