DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မီးကြွင်းမီးကျန်ကတဆင့် နေအိမ် ၁၄ လုံး မီးလောင်
DVB
·
May 8, 2017
ဖားကန့်တွင် မီးကြွင်းမီးကျန်ကတဆင့် နေအိမ် ၁၄ လုံး မီးလောင်
1 / 9
Donate to DVB

 

ကချင်ပြည်နယ် ဖားကန့်မြို့မှာ  မေလ ၇ ရက်နေ့ နေ့ည ၁၀ နာရီ ၅၀ မိနစ်လောက် က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖားကန့်မြို့ မြို့မရပ်ကွက်က အိမ်ငှားထားတဲ့ ကုန်ခြောက်ဆိုင်ရဲ့ မီးကြွင်းမီးကျန်မှ လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ် ၁၄ လုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။

“ခြံဝင်း ၉ ဝန်းအတွင်းမှ အဆောက်အဦ ၁၄ လုံး မီးလောင်ခဲ့ပြီး မီးကြွင်း မီးကျန်မှတဆင့် လောင်ကျွမ်းခဲ့တာ”လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။

မီးလောင်မှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၂ ထောင် ဆုံးရှုံးခဲ့ပြီး မီးလောင်ခံရတဲ့ အိမ် ၁၃ လုံး၊ ဘက်ဟိုးနဲ့ ဖျက်ခဲ့ရတဲ့ အိမ် ၁ လုံး၊ အိမ်ငှား အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၂၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

သတင်း၊ ဓာတ်ပုံ - ဇော်မိုးထက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013