DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် မီးကြွင်းမီးကျန်ကတဆင့် နေအိမ် ၃ လုံး မီးလောင်
DVB
·
May 7, 2017
ရေးမြို့နယ်တွင် မီးကြွင်းမီးကျန်ကတဆင့် နေအိမ် ၃ လုံး မီးလောင်
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာ အကွက် ၁၁ နေ ဦးကြာရင်ရဲ့ နေအိမ် နောက်ဖေးမီးကြွင်းမီးကျန်ကနေတဆင့် မေ ၆ ရက်နေ့ မနက် ၇ နာရီ ၄၀ မိနစ်အချိန်က မီးစတင်လောင်ကျွမ်းမှုကြောင့် နေအိမ် ၃ လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ လမိုင်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာသို့ ရေးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ကျေးရွာနေ ပြည်သူတွေက မီးသတ်ယာဉ် ၇ စီးနဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မနက် ၈ နာရီ ၆ မိနစ်အချိန်က မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး နေအိမ် ၃ လုံးဆုံးရှုံးမှုမှာ ၁၁၈၅၀၀၀ ကျပ်သိန်း ဆုံးရှုံးခဲ့တယ်လို့ နယ်မြေခံရဲစခန်းထံမှ ပြောပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းတဲ့ နေအိမ် ဦးကြာရင်ကို လမိုင်း နယ်မြေရဲစခန်းမှ (ပ)/၃၃၂/၂၀၁၇ ရာဇာသတ်ကြီးပုဒ်မ ၂၈၅ အရ မေ ၆ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်က အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-နေမျိုးထွဋ်(ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013