DVB Logo
Home
မြန်မာသတင်း
နွေရာသီသောက်သုံးရေရှားပါးမှုဒဏ်ခံနေရသည့် ဘီလူးကျွန်းဒေသကပြည်သူများ (ဓာတ်ပုံ)
DVB
·
May 7, 2017
နွေရာသီသောက်သုံးရေရှားပါးမှုဒဏ်ခံနေရသည့် ဘီလူးကျွန်းဒေသကပြည်သူများ (ဓာတ်ပုံ)
1 / 6
Donate to DVB

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်းဒေသက ကျေးရွာတချို့မှာ နှစ်စဉ် နွေရာသီရောက်တိုင်း သောက်သုံး ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေကြရဆဲ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ သောက်သုံးရေရှားပါးတဲ့ ကျေးရွာ ၁၃ ရွာကို မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀ နဲ့ မြို့နယ်ထွေအုပ်၊ ရဲနဲ့ မီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး သောက်သုံးရေတွေ လှူဒါန်းပါတယ်။

အရင်က ပရဟိတအလှူရှင်တွေက ရေလှူဒါန်းပေမယ့် ဒေသဆိုင်ရာ အစိုးရအဖွဲ့က ရေတိုစီမံကိန်းအဖြစ် အခုလိုကူညီပေးတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ရေရှည်စီမံကိန်းအနေနဲ့တော့ နွေရာသီမှာ သောက်သုံးရေ ရှားပါးလေ့ရှိတဲ့ကျေးရွာတွေကို သောက်သုံးရေရရှိအောင် စီမံချက်ရေးဆွဲပြီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒေသခံတွေအနေနဲ့ အစိုးရအဖွဲ့ရဲ့ အခုလို သောက်သုံးရေရှိအောင် ကူညီပေးတာကို ကြိုဆိုကြပေမယ့် လူဦးရေအချိုးအစား အိမ်ထောင်စုအရေအတွက်နဲ့  သောက်သုံးရေ လှူဒါန်းမှု ပမာဏ မညီမျှ မလောက်ငှဘူးလို့ ရွာသားတွေကဆိုပါတယ်။

ပင်လယ်ကမ်းစပ်ကျေးရွာတွေဖြစ်တဲ့ ခရိုက်ဒူးရွာ၊ ရေတွင်းကုန်းရွာ၊ ဆယ်ပလာရွာ အစရှိတဲ့ ရွာတွေမှာ နွေရာသီ ရေရှားပါးချိန်မှာ ရေတစ်ပီပါကို ကျပ် ၁ထောင်ကျော်နှုန်းနဲ့  ၀ယ်ယူသုံးစွဲနေရပါတယ်။

သတင်း၊ ဓာတ်ပုံ - ဉာဏ်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013