DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းဦးဘတင် အောက်မေ့ဖွယ်အခမ်းအနား လက်ပံတန်းတွင် ကျင်းပ
DVB
·
May 7, 2017
လက်ပံတန်းဦးဘတင် အောက်မေ့ဖွယ်အခမ်းအနား လက်ပံတန်းတွင် ကျင်းပ
1 / 7
Donate to DVB

“ဂျပန့်သူလျှိစာအုပ်” ရေးသားခဲ့တဲ့အတွက် ဖက်ဆစ်ဂျပန်တို့ ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးသွားခဲ့ရတဲ့ ဝတ်လုံတော်ရ လက်ပံတန်း ဦးဘတင် အောက်မေ့ဖွယ် အခမ်းအနားကို သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။

လက်ပံတန်းမြို့ Open Mind စာကြည့်တိုက် ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာအုပ်ရောင်းပွဲနဲ့ ဝတ်လုံတော်ရ လက်ပံတန်းဦးဘတင် ရေးသားခဲ့တဲ့ ဂျပန့်သူလျှိစာအုပ် ပြန်လည်ထုတ်ဝေတာတွေကို Open Mind စာကြည့်တိုက်မှာ  မေ ၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာ ရွှေတောင်ကျောင်းတိုက်မှာ စာပေဟောပြောပွဲ ကျင်းပခဲ့တာပါ။

ဂျပန့်သူလျှိုထုတ်ဝေသူဖြစ်တဲ့ Open Mind စာကြည့်တိုက် အတွင်းရေးမှူး ကိုရဲမြင့်ကျော်က “ဦးဘတင်အောက်မေ့ဘွယ် အခမ်းအနားကိုဝတ်လုံတော်ရ ဦးဘတင်ရဲ့ မြို့ရွာအကျိုး သယ်ပိုး ထမ်းဆောင်ခဲ့ပုံ၊ နိုင်ငံ့အပေါ်ထားရှိတဲ့ စေတနာနဲ့ သူ့ဘဝ သူ့ပညာတို့ကို နောက်လူတို့ စံထား အတုယူနိုင်ကြစေရန်နဲ့ လေးစားဂုဏ်ယူအမှတ်ရစေရန် ရည်ရွယ်ကာ စီစဉ်ကျင်းပတာ ဖြစ်ပြီး လက်ပံတန်းမြို့ Open Mind စာကြည့်တိုက် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူ့ရဲ့ “ဂျပန့်သူလျှိ” စာအုပ်ကို ပြန်လည်ပုံနှိပ်ထုတ်ဝေတာ ဖြစ်ပါတယ်”လို့  ပြောပါတယ်။

ဒီလို ထုတ်ဝေရာမှာ စာရေးသူကိုယ်တိုင် ဘာသာပြန်ဆို ရေးသားခဲ့စဉ်က ကိုယ်ကျိုးမပါဘဲ လူအများ ဗဟုသုတရစေဖို့နဲ့ အဲဒီအချိန်က တရုတ်ပြည်မှာ ဂျပန်ဓနရှင်တို့ရဲ့ ညှင်းဆဲနှိပ်စက်တာ ခံနေကြရတဲ့ လူတွေရဲ့ ရန်ပုံငွေအတွက်သာ ရည်ရွယ်ခဲ့တယ် ဆိုတဲ့ သူ့ရဲ့ လမ်းစဉ်နဲ့ထပ်တူ အခုပြန်လည်ထုတ်ဝေတဲ့ အခါမှာလည်း ကိုယ်ကျိုးမဖက် စာကြည့်တိုက်ရန်ပုံငွေအတွက်သာ ရည်ရွယ်ပြီး စာအုပ်ပြန်လည်ထုတ်ဝေခဲ့တာလို့ Open Mind စာကြည့်တိုက် အတွင်းရေးမှူး ကိုရဲမြင့်ကျော်က ဆက်လက်ပြောဆိုပါတယ်။

လက်ပံတန်းဦးဘတင်ရဲ့ အောက်မေ့ဖွယ် အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူတွေနဲ့ လက်ပံတန်းဒေသခံ ၇၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013