DVB Logo
Home
မြန်မာသတင်း
စီးပွားရေးလုပ်ငန်းရှင်ကြီးများ ငြိမ်းချမ်းရေးတွင်ပါဝင်ကူညီရန် သူရဦးတင်ဦးတိုက်တွန်း (ရုပ်သံ)
DVB
·
May 7, 2017
စီးပွားရေးလုပ်ငန်းရှင်ကြီးများ ငြိမ်းချမ်းရေးတွင်ပါဝင်ကူညီရန် သူရဦးတင်ဦးတိုက်တွန်း (ရုပ်သံ)
Donate to DVB

မြန်မာပြည်မှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ကူညီကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မေ ၇ရက်မနက် ကျင်းပတဲ့ ၂၁ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ထောက်ခံပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
စီးပွားလုပ်ငန်းရှင်တွေဟာ မိမိတို့ တစ်ကိုယ်ရည် ချမ်းသာကြွယ်ဝစေဖို့ထက် ပြည်သူလူထုတစ်ရပ်လုံး အေးချမ်းသာယာစွာ နေထိုင်နိုင်ဖို့ အတွက် ပါဝင်ပေးပါလို့ သူရဦးတင်ဦးက ပန်ကြားသွားပါတယ်။

၂၁ပင်လုံညီလာခံ ထောက်ခံပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကသူရဦးတင်ဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးညွန်ရွှေ၊ ပဲခူးတိုင်း အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသိန်းဒါန် တို့က တက်ရာက်ဟောပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013