DVB Logo
Home
မြန်မာသတင်း
ကနီမြို့တွင်လေပြင်းတိုက်၊ အိမ်ခြေ ၂၀၀ ကျော်နှင့် သာသနိကအဆောက်အဦများပျက်စီး
DVB
·
May 7, 2017
ကနီမြို့တွင်လေပြင်းတိုက်၊ အိမ်ခြေ ၂၀၀ ကျော်နှင့် သာသနိကအဆောက်အဦများပျက်စီး
1 / 9
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့မှာ မေလ ၆ ရက်နေ့က မိုးသီးကြွေ၊ လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားက ကျေးရွာတွေမှာ သစ်ပင်တွေလဲကျ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးမှု များခဲ့ပါတယ်။

လတ်တလောရရှိထားတဲ့ သတင်းတွေအရ အိမ်ခြေ ၂၆၂ အိမ်၊ သာသနိက အဆောက်အဦ ၄ ခု၊ စာသင်ကျောင်း ၇ ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦ ၉ ခုနဲ့  အခြားအဆောက်အဦ  ၉ ခုတို့ ပျက်စီးသွားတယ်လို့ဆိုပါတယ်။

ကနီမြို့ပေါ်မှာတော့ သစ်ပင်တွေနဲ့  လမ်းမီးတိုင်တွေလဲပြို ပျက်စီးခဲ့တဲ့အတွက် စစ်တပ်၊ ရဲ၊ မီးသတ်၊ စည်ပင်နဲ့ ပြည်သူတွေက ဝိုင်းဝန်းရှင်းလင်းနေကြပါတယ်။

သဘာဝဘေးဒဏ် ခံစားခဲ့ရတဲ့ ကနီမြို့ကို  စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ လာရောက်ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။

ဒေသခံတွေပြောကြားချက်အရ ဆုံရှုံးပျက်စီးမှုစာရင်းက တိုးလာနိုင်ဖွယ်ရှိပြီး တပတ်လောက်တော့ အနည်းဆုံးရှင်းလင်းရဦးမယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာကတော့ စာရင်းတွေ ဆက်လက်ကောက်ယူနေဆဲပါ။
သတင်း-ဓာတ်ပုံ- အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013