DVB Logo
Home
မြန်မာသတင်း
မီဒီယာ အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ပြည်ပ သတင်း​ဌာနအချို့​ တက်​ရောက်မည်
DVB
·
January 27, 2012
Donate to DVB

ဒီမိုက​ရေစီလူ့​အဖွဲ့​အစည်း​မှာ ရှိသင့်​တဲ့​ မီဒီယာရဲ့​ အခန်း​ကဏ္ဍ အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ဇန်နဝါရီ ၃၀ နဲ့​ ၃၁ ရက် ရန်ကုန် အင်း​ယား​လိက် ဟိုတယ်မှာ ကျင်း​ပမှာ ဖြစ်ပါတယ်။

နိုင်ငံတကာက မီဒီယာသမား​တွေ၊​ မီဒီယာဥပ​ဒေ ပညာရှင်တွေ ပါဝင်မှာ ဖြစ်ပြီး​ မြန်မာနိုင်ငံစာ​ပေနဲ့​ စာနယ်ဇင်း​အဖွဲ့​နဲ့​ စင်ကာပူအ​ခြေစိုက် ​အေး​ရှား​မီဒီယာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အဖွဲ့​တို့​က​နေ မြန်မာနိုင်ငံ မီဒီယာဖွံဖြိုး​ရေး​အတွက် ကျင်း​ပတာလို့​ စီစဉ်သူ ရန်ကုန် မီဒီယာဂရုအဖွဲ့​ရဲ့​ ဦး​ကိုကို (စက်မှုတက္ကသိုလ်) က ရှင်း​ပြပါတယ်။

“ကျ​နော်တို့​ ဝင်​ရောက်​ဆွေး​နွေး​မှာက​တော့​ အဓိက ပြည်တွင်း​မှာရှိတဲ့​ သတင်း​မီဒီယာ​တွေ အ​နေနဲ့​ လက်​တွေ့​ဆောင်ရွက်​နေတဲ့​ ပုဂ္ဂလိက သတင်း​မီဒီယာများ​မှ ဝါရင့်​အယ်ဒီတာများ​၊​ အကြီး​တန်း​အယ်ဒီတာများ​၊​ ပိုင်ရှင်​တွေ သူတို့​တွေကို ကျ​နော်ဖိတ်ထား​တယ်။ ကျ​နော်တို့​ အခုလာမယ့်​ တကယ်​သေချာတဲ့​ သူက​တော့​ ဘီဘီစီက ​ဒေါ်တင်ထား​ဆွေလာမယ်။ ဗွီအို​အေ ဌာနမှူး​ ဦး​သန်း​လွင်ထွန်း​လာမယ်၊​ အစိုး​ရသတင်း​မီဒီယာ ထုတ်ပြန်​ရေး​အဖွဲ့​နဲ့​ပတ်သက်ပြီး​တော့​ ထုတ်ပြန်​ရေး​အဖွဲ့​လေး​တွေ ဝန်ကြီး​ဌာနက ကိုယ်စား​လှယ်​တွေ အဲဒါ​တွေကို ဖိတ်ထား​တယ်။ သူတို့​လာ မလာ​တော့​ မသိဘူး​။ ဖိတ်ကြား​ထား​တဲ့​ စာရင်း​ထဲမှာပါတယ်။”

ဒါ့​အပြင် ​ဆွေး​နွေး​မယ့်​သူ ၇၀ ​လောက်ကိုလည်း​ ဖိတ်ထား​တယ်လို့​ ဦး​ကိုကိုက ​ပြောပါတယ်။ ၂ ရက်ကြာ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ပြီး​ သူက ဆက်လက်​ပြောဆိုပါတယ်။

“အဓိက​တော့​ နံပါတ်တစ်က​တော့​ ဒီမိုက​ရေစီနဲ့​ လူ့​အဖွဲ့​အစည်း​မှာ စီး​ဆင်း​တဲ့​ မီဒီယာ​တွေနဲ့​ ပတ်သက်ပြီး​တော့​ပြောမယ်။ မီဒီယာ​တွေရဲ့​ အခန်း​ကဏ္ဍ​တွေ ​ဆွေး​နွေး​မယ်။ ​နောက်တခါ ဒီမိုက​ရေစီ နိုင်ငံ​တွေမှာ ရှိတဲ့​ မီဒီယာဥပ​ဒေ​တွေ ဘယ်လို ဥပ​ဒေ​တွေရှိသလည်း​၊​ ဘယ်လို ဥပ​ဒေမျိုး​က မရှိသင့်​ဘူး​လည်း​၊​ ဒါမျိုး​တွေကို ဆက်ပြီး​ ​ဆွေး​နွေး​မှာမျိုး​တွေလည်း​ ပါတယ်။ ​နောက်တခု အစိုး​ရဌာနများ​က​နေ ပုဂ္ဂလိက သတင်း​မီဒီယာ​တွေက ပြည်သူ​တွေကို သတင်း​တွေဘယ်လို ဖြန့်​ပေး​မလဲဆိုတဲ့​ ​ခေါင်း​စဉ်​တွေလည်း​ ပါတယ်။ အဲဒါက ပထမ​နေ့​ ​ဆွေး​နွေး​ပွဲ။

“ဒုတိယ​နေ့​ အကြီး​အကျယ် ​ဆွေး​နွေး​မယ့်​ကိစ္စ​တွေက မီဒီယာ ဥပ​ဒေကိစ္စ​တွေ ပါလာမယ်။ ဥပ​ဒေပြုကိစ္စ​တွေ ထပ်​ဆွေး​နွေး​မယ်၊​ အဲဒါ​တော့​ တံခါး​ပိတ် အစည်း​အ​ဝေး​ သ​ဘောမျိုး​ လူ ၄၀ ​လောက် ​ဆွေး​နွေး​မယ်။ ​နောက်တခါ ကျင့်​ဝတ်ကိစ္စ​တွေ၊​ မြန်မာနိုင်ငံမှာ မီဒီယာကျင့်​ဝတ်နဲ့​ ပတ်သက်ပြီး​ ကျ​နော်တို့​ ​ဆောင်ရွက်​နေတာ​တွေပါမယ်။ အဓိကအချက်က ကျ​နော်တို့​ တနှစ်အတွင်း​မှာ ဒီပလိုမာ အဆင့်​လောက်ထိ ​ပေး​နိုင်မယ့်​ ဂျာနယ်လစ် သင်တန်း​ကျောင်း​လေး​ တခု တည်​ထောင်ဖို့​ရှိတယ်။”

လာမယ့်​ ရက်​တွေမှာ ကျင်း​ပမယ့်​ မီဒီယာဖိုရမ်ဟာ မြန်မာနိုင်ငံမှာ ပထမဦး​ဆုံး​ နိုင်ငံတကာ ပညာရှင်​တွေနဲ့​ ကျင်း​ပမယ့်​ ပွဲလည်း​ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013