DVB Logo
Home
မြန်မာသတင်း
အိုင်အယ်လ်အို အရာရှိများ​ အဓမ္မလုပ်အား​ပေး​ကိစ္စွ ရန်ကုန်တွင် ​ဆွေး​နွေး
DVB
·
January 27, 2012
အိုင်အယ်လ်အို အရာရှိများ​ အဓမ္မလုပ်အား​ပေး​ကိစ္စွ ရန်ကုန်တွင် ​ဆွေး​နွေး
Donate to DVB

ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) က လက်​ထောက်ညွှန်ကြား​ရေး​မှူး​ Guy Ryder နဲ့​အဖွဲ့​ မြန်မာနိုင်ငံ ​ရောက်ရှိ​နေပြီး​ ဒီက​နေ့​ ရန်ကုန်မြို့​ ကုန်သည်ကြီး​များ​ ဟိုတယ်မှာ မြန်မာပြည်တွင်း​က လူ့​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေနဲ့​ ​တွေ့​ဆုံပြီး​ အဓမ္မလုပ်အား​ပေး​ကိစ္စနဲ့​ အလုပ်သမား​ အခွင့်​အ​ရေး​ ကိစ္စ​တွေ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

ဆွေး​နွေး​ပွဲမှာ မြန်မာပြည်အနှံ့​က အဓမ္မလုပ်အား​ပေး​ ​စေခိုင်း​ခံရသူ​တွေအ​ရေး​ ကူညီ​ဆောင်ရွက် ​ပေး​နေသူ​တွေ၊​ အလုပ်သမား​တွေနဲ့​လယ်သမား​တွေ အပါအဝင် လူဦး​ရေ ၁၀၀ ဝန်း​ကျင် တက်​ရောက်ခဲ့​ပါတယ်။

ဆွေး​နွေး​ပွဲတက်​ရောက်တဲ့​ အိုင်အယ်လ်အို ဆက်သွယ်ကူညီ​ဆောင်ရွက်သူများ​ ကွန်ရက်တာဝန်ခံ ဦး​သက်​ဝေက အခုလို​ပြောပါတယ်။

“ကျ​နော်တို့​ဘက်က လွတ်လပ်စွာ သင်း​ပင်း​ဖွဲ့​စည်း​ခွင့်​နဲ့​ ပတ်သက်ပြီး​တော့​ အခု လွှတ်​တော်က​နေ ဥပ​ဒေကြမ်း​ ထုတ်လိုက်တယ်။ အဲဒါနဲ့​ ပတ်သက်ပြီး​တော့​ ဟိုတုန်း​က ဖဆပလ ပါလီမန် လက်ထက်တုန်း​က ဥပ​ဒေ​ပေါ့​။ အလုပ်သမား​အခွင့်​အ​ရေး​ကာကွယ်တဲ့​ ဥပ​ဒေအချက် ၃၀ ကို ပြန်လည်ပြီး​တော့​ အသက်ဝင်​အောင် ​ဆောင်ရွက်​ပေး​ဖို့​ အကြံ​ပေး​တိုက်တွန်း​ခဲ့​တယ်။

“အဓမ္မ အလုပ်ခိုင်း​စေမှု​တွေ၊​ လိမ်လည် ​သွေး​ဆောင်ဖြား​ယောင်း​ပြီး​တော့​ လုပ်ခ​ကြေး​ငွေ​တွေကို မက်​လောက်​အောင် ​ပေး​ပါမယ်လို့​ နှုတ်ကတိ​ပေး​ပြီး​ လုပ်ခ​ကြေး​ငွေ​တွေက နည်း​ပြီး​၊​ ပြန်လို့​မရ​အောင် မှတ်ပုံတင်​တွေ သိမ်း​ထား​တာ၊​ အလုပ်သမား​တွေက လုပ်ခလစာနဲ့​ မညီမျှတဲ့​ လုပ်အား​ပေး​အလုပ်ကို လုပ်​ပေး​နေရတဲ့​အတွက် ပြန်ချင်တဲ့​အခါမှာ ပြန်မရဘဲနဲ့​ ​နောက်ဆုံး​မှာ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှု​တွေလည်း​ မရှိဘူး​။

“အလုပ်က​နေထွက်ပြီး​ ပြန်မယ်ဆိုရင် ဖမ်း​ဆီး​ပြီး​တော့​ ​ထောင်ချထား​တယ် ဆိုတာ​တွေကို ဒီ​နေ့​တက်​ရောက်လာတဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ​ရောက်လာတဲ့​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်ခဲ့​တဲ့​ ကိုမျိုး​မင်း​က ​ဆွေး​နွေး​တယ်။ ဒီကိစ္စ​တွေအ​ပေါ်မှာ သူတို့​အ​နေနဲ့​ တိုင်တန်း​မှု​တွေရှိမယ်ဆိုရင် အဲဒီ​ဒေသ​တွေကို ကိုယ်တိုင်ကိုယ်ကျ သွား​ပြီး​တော့​ ​လေ့​လာစုံစမ်း​ပြီး​ ​ဆောင်ရွက်ဖို့​ကို အလုပ်သမား​ဝန်ကြီး​ဌာနကို တိုက်တွန်း​မယ်လို့​ ​ပြောသွား​တယ်။”

ကွန်ရက်အ​နေနဲ့​ မြန်မာနိုင်ငံတွင်း​က အဓမ္မလုပ်အား​ပေး​စေခိုင်း​မှု ဖြစ်ပွား​လေ့​ရှိတဲ့​ ​ဒေသ​တွေမှာ ရုံး​ခွဲ​တွေ ဖွင့်​လှစ်​ပေး​ဖို့​နဲ့​ အထက်မြန်မာပြည်မှာ အိုင်အယ်လ်အို ဆက်သွယ်​ရေး​ရုံး​ဖွင့်​ဖို့​ အိုင်အယ်လ်အို အရာရှိ​တွေကို သ​ဘောထား​ ​ကြေညာချက်တ​စောင် ​ပေး​ပို့​ ​တောင်း​ဆိုခဲ့​တယ်လို့​လည်း​ ကွန်ရက်ရဲ့​ ပြန်ကြား​ရေး​တာဝန်ခံ မငြိမ်း​ချမ်း​မေက ​ပြောပါတယ်။

“ကျမတို့​ ဒီ​နေ့​စာတမ်း​ထဲမှာ အဓိက ​ထောက်ပြချင်တဲ့​ အရာက​တော့​ လွတ်လပ်စွာအသင်း​ပင်း​ ဖွဲ့​စည်း​ခွင့်​ရယ်၊​ အလုပ်သမား​ လူတန်း​စား​တွေရဲ့​ နစ်နာမှု​တွေကို အိုင်အယ်လ်အိုအ​နေနဲ့​ ဘယ်လိုမျိုး​ ပိုမိုပြီး​ ​ကောင်း​မွန်စွာ ​ဆောင်ရွက်နိုင်မယ် ဆိုတာရယ်၊​ ​နောက်ပြီး​တော့​ ဒီလိုမျိုး​ ဖြစ်ပျက်​နေတဲ့​ အလုပ်သမား​တွေနဲ့​အတူ ကျမတို့​ အိုင်အယ်လ်အိုနဲ့​ ဆက်သွယ်​ဆောင်ရွက်သူများ​ ကွန်ရက်က​နေ တသား​တည်း​ ရပ်တည်မယ်ဆိုတဲ့​ ​ကြေညာချက်​တွေ ​ကြေညာခဲ့​ပါတယ်။”

ဒါ့​ပြင် လွတ်လပ်တဲ့​ အသင်း​အပင်း​တွေ ဖွဲ့​စည်း​ခွင့်​ပေး​ဖို့​၊​ အဓမ္မ အလုပ်​စေခိုင်း​သူ​တွေကို ထိ​ရောက်တဲ့​ ပြစ်ဒဏ်​တွေ ချမှတ် အ​ရေး​ယူဖို့​ အိုင်အယ်လ်အိုကို လွတ်လပ်​ဘေး​ကင်း​လုံခြုံစွာ ဆက်သွယ် တိုင်တန်း​ခွင့်​ပေး​ဖို့​ကိုလည်း​ မြန်မာအစိုး​ရကို ​တောင်း​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မခိုင်း​စေမှုများ​ ပ​ပျောက်​ရေး​အတွက် စုစည်း​ညီညွတ်စွာနဲ့​ တိုင်တန်း​ကြဖို့​ကိုလည်း​ ပြည်သူလူထုကို အိုင်အယ်လ်အို ဆက်သွယ် ကူညီ​ဆောင်ရွက်သူများ​ ကွန်ရက်က ​တောင်း​ဆိုထား​ပါတယ်။

အိုင်အယ်လ်အို အရာရှိ​တွေက​တော့​ မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အား​ပေး​ ​စေခိုင်း​မှု​တွေ ဆက်ဖြစ်​နေတာကို စိုး​ရိမ်ပူပန်တဲ့​ အ​ကြောင်း​နဲ့​ အဓမ္မ လုပ်အား​ပေး​မှု​တွေ လုံး​ဝ ပ​ပျောက်သွား​အောင် အစိုး​ရကို တိုက်တန်း​သွား​မယ်လို့​ကတိပြု ​ပြောဆိုခဲ့​တယ်လို့​သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013