DVB Logo
Home
မြန်မာသတင်း
ကသာခရိုင်တွင် လေပြင်းတိုက်၍ စေတီ၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များပျက်စီး
DVB
·
May 6, 2017
ကသာခရိုင်တွင် လေပြင်းတိုက်၍ စေတီ၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များပျက်စီး
1 / 8
Donate to DVB

စစ်ကိုင်းတိုင်း ကသာခရိုင်အတွင်းမှာ  မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် စေတီတော် ၆ ဆူ၊ ဘုန်းတော်ကြီး ကျောင်း ၅ ကျောင်းနဲ့ လူနေအိမ် ၁၀၀ ကျော် အမိုးတွေ ပျက်စီးခဲ့တယ်လို့  ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောပါတယ်။

အင်းတော်မြို့နယ်မှာ မေ ၅ ရက်ညနေ ၅ နာရီလောက်က လေပြင်းတိုက်ခတ်မှုကြောင့် နန့်ဆင်ကျွန်းတောမှာ ဇရပ် ၁ ဆောင်၊ အောင်ချမ်းသာ စေတီတော်ရဲ့ မုခ်ဦးစေတီ ၃ ဆူ၊ အရံစေတီ ၁ ဆူ၊ လယ်ပြင်အုပ်စုမှာ စေတီ ၁ ဆူ ထီးတော်မြေခ ပျက်စီးပြီး လူနေအိမ် ၇၂ လုံး၊ ဆရာမနေအိမ် ၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်းတို့ ပျက်စီးသွားခဲ့ပါတယ်။

တချိန်တည်းမှာလိုပဲ ဗန်းမောက်မြို့နယ်မှာလည်း  လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၁၉ လုံး၊ ဘုန်းတောကြီးကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၁ ကျောင်း၊ ဇရပ်နဲ့ဓမ္မာရုံ ၂ ခု၊ စာကြည့်တိုက် ၁ လုံး၊ စေတီ ၁ ဆူ ထိခိုက်ပျက်စီးသွားပါတယ်။

ကောလင်းမြို့နယ်မှာလည်း မနေ့ညနေက လေပြင်းတိုက်ပြီး လူနေအိမ် ၁၁ လုံး၊ ဆိုလာ ၁ ချပ်၊ နွေစပါး စိုက်ခင်းဧက ၄၀၊ စပါးကျီ ၁ ဆောင်နဲ့ ဘုန်းကြီး ကျောင်း ၁ ကျောင်း အမိုးသွပ်ချပ်တွေ ပျက်စီးသွားပါတယ်။

ဝန်းသိုမြို့နယ်မှာတော့ လူနေအိမ်(၃)လုံး  သွပ်ချပ်(၉၇)ချပ်ပျက်စီးသွားသလို ပင်လည်ဘူးမြို့နယ်မှာ လူနေအိမ် ၃ လုံးပျက်သွားတယ်လို့  ကသာခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013