DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အမြန်ရေယာဉ် Water Bus ဇွန်လစတင်ပြေးဆွဲမည်
DVB
·
May 6, 2017
ရန်ကုန်အမြန်ရေယာဉ် Water Bus ဇွန်လစတင်ပြေးဆွဲမည်
Donate to DVB

ရန်ကုန်မြို့မှာ ပြေးဆွဲမယ့် ရေကြောင်းခရီးသည်ပို့ဆောင်ရေးလုပ်ငန်းသစ်တခုဖြစ်တဲ့ Water Bus အမြန်ရေယာဉ်ခရီးစဉ်ကို လာမယ့် ဇွန်လမှာ အင်းစိန်ကနေ ဗိုလ်တစ်ထောင်ကို  စတင်ပြေးဆွဲမယ်လို့ တင်ဒါအောင်မြင်ထားတဲ့ တင့်တင့်မြန်မာကုမ္ပဏီကပြောပါတယ်။

ခရီးစဉ်အစအဆုံးတခေါက်ကို မြန်မာကျပ်ငွေ ၅၀၀ ခရီးသည်တွေထံက အခကြေးငွေယူ ပြေးဆွဲပေးသွားမှာဖြစ်ပြီး ကြားဆိပ်ကမ်းတွေကို စီးမယ့်ခရီးသည်တွေကိုတော့ မှတ်တိုင်အပေါ်မူတည်ပြီး  ကျပ် ၃၀၀ နဲ့ ၂၀၀ ကောက်ခံသွားမယ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က မနေ့က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ပထမဆုံးခရီးစဉ်အဖြစ်  လှိုင်မြစ်ကြောင်းတလျှောက်ဖြစ်တဲ့ အင်းစိန်ကနေ ဗိုလ်တထောင်ဆိပ်ကမ်းကို စတင်ပြေးဆွဲမှာဖြစ်ပြီး ပြေးဆွဲတဲ့ အချိန်ကိုတော့ မနက် ၆ နာရီကနေ ည ၈ နာရီ အတွင်းပြေးဆွဲသွားမှာဖို့ အစီအစဉ်ရှိပါတယ်။

ခရီးသည်တွေ ဘေးအန္တရယ်ကင်းရှင်းရေး အတွက် ဝန်ထမ်းတွေကို သင်တန်းပေးထားသလို  ခရီးသည်တွေအတွက် အာမခံကုမ္ပဏီ တခုနဲ့ ချိတ်ဆက်ထား တယ်လို့လည်းဆိုပါတယ်။

နောက်ပိုင်းမှာ ပုဇွန်တောင်ချောင်းလို့ခေါ်တဲ့ ငမိုးရိပ်ချောင်းနဲ့ ပဲခူးမြစ်တွေမှာ ပြေးဆွဲသွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

အသုံးပြုမယ့် စက်လှေနဲ့ ရေယာဉ်သဘောင်္တချို့ကို ပြည်ပကမှာယူထားသလို တချို့ကို ပြည်တွင်းမှာ တည်ဆောက်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူကပြောပါတယ်။

ရန်ကုန်အမြန်ရေယာဉ် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းအတွက် အနည်းဆုံး ၂၀ ဘီလီယံ ကနေ ၃၇ မီလီယံ အထိ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ခရီးစဉ်စတင်ပြေးဆွဲတဲ့ ပထမနှစ်ပိုင်းမှာ တနေ့ကို ခရီးသည်ပေါင်း ၂ သောင်းဝန်းကျင်လောက် စီနင်းမယ်လို့ ခန်းမှန်းထားပြီး နောက်ပိုင်းမှာတော့ စီးနှင်းသူ ဦးရေဟာ တနှစ်ကို သိန်းနဲ့ချီ ရှိလာနိုင်တယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013