DVB Logo
Home
မြန်မာသတင်း
မြန်အောင်ဆောက်လုပ်ရေးကုမ္ပဏီအချို့ကို အမည်ပျက်စာရင်းသွင်းရန် လွှတ်တော်တွင် အဆိုတင်
DVB
·
May 6, 2017
မြန်အောင်ဆောက်လုပ်ရေးကုမ္ပဏီအချို့ကို အမည်ပျက်စာရင်းသွင်းရန် လွှတ်တော်တွင် အဆိုတင်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အခြေခံပညာအတန်းကျောင်းတွေကို စံချိန်စံညွှန်းအညီ ဆောက်ဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေကို အရေးယူဖို့ အဆိုတင်ထားပြီးပြီလို့ မြန်အောင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က ပြောပါတယ်။

အဲဒီကုမ္ပဏီတွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေကို လာမယ့်ဘဏ္ဍာနှစ်အတွင်းအမီ အမည်ပျက် စာရင်း (Black List) ထဲ ထည့်ဖို့ တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြထားတယ်လို့ အင်ပင်ကျေးရွာ လူထုနဲ့ တွေ့ဆုံပွဲမှာ ဒေါ်စုစုအောင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်အောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ဧရိယာမှာ အင်ပင်အနောက်ကုန်း အ.မ.က တိုးချဲ့ဆောင်၊ ကညင်ငူ အ.လ.က တိုးချဲ့ဆောင်၊ ဘန့်ဘွေးကုန်းတပ်ကုန်း အ.မ.က ကျောင်းဆောင် စတဲ့ ကျောင်းဆောင်ပေါင်း ၅ ခု တည်ဆောက်ခွင့်ကျထားပါတယ်။ ဒီကျောင်းဆောင်တွေဟာ အစိုးရအကူအညီနဲ့ တည်ဆောက်နေတဲ့ ကျောင်းဆောင်တွေဖြစ်ပြီး ကုမ္ပဏီအများစုဟာ အရည်အသွေး စံချိန်မမီတာတွေ ဖော်ထုတ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြန်အောင်မြို့နယ် အလုပ်မူဆောင် ဦးအောင်မြင့်စိုးက အခုလို အရည်အသွေး စံညွှန်းကွာဟမှုတွေ ဖြစ်နေရတာဟာ မူလက လေလံအောင်ထားတဲ့ ကုမ္ပဏီတွေက တဆင့်ခံပြီး ဆပ်ကန်ထရိုက်စနစ်နဲ့ ပြန်ချတာတွေကြောင့် ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013