DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားတဦး ရိုက်ကူးသည့် “အိမ်” ရုပ်ရှင်ဇာတ်ကား ဂျပန်နိုင်ငံတ၀န်းပြသ (ရုပ်သံ)
DVB
·
May 6, 2017
မြန်မာနိုင်ငံသားတဦး ရိုက်ကူးသည့် “အိမ်” ရုပ်ရှင်ဇာတ်ကား ဂျပန်နိုင်ငံတ၀န်းပြသ (ရုပ်သံ)
1 / 6
Donate to DVB


ဂျပန်ရုပ်ရှင်အကယ်ဒမီတက္ကသိုလ်ဘွဲ့ရ မြန်မာပြည်ဖွား မြန်မာနိုင်ငံသားလူငယ်တဦးရဲ့ အိမ်လို့အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို တိုကျိုအပါအ၀င် ဂျပန်နိုင်ငံ တ၀န်းမှာ ပြသနေပါတယ်။

မိသားစုနဲ့အတူ အသက် ၇ နှစ်အရွယ်မှာ ဂျပန်နိုင်ငံကို ရောက်ရှိခဲ့ပြီး မတူညီတဲ့ ဓလေ့ထုံးစံ၊ ဘာသာစကား၊ လူမှုဆက်ဆံရေး အခက်အခဲတွေအကြား ရုန်းကန်ရတဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတာတွေကို အခြေခံဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း (MEGUMI) မယ်ဂုမီအမည်ရ ဂျပန်ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ ပြင်ဆင်နေတယ်လိုပ မြန်မာအမည် မောင်သိန်းတန်( Takamine san) က ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်ရုပ်ရှင်အကယ်ဒမီ တက္ကသိုလ်ရဲ့ အကောင်းဆုံးရုပ်ရှင်ဆုကို ရရှိခဲ့တဲ့ အိမ် ရုပ်ရှင်ဇာတ်ကားကို တိုကျို ဂင်ဇာမြို့မှာ မေ ၄ ရက်နေ့က ပြသခဲ့ပြီး ဂျပန်လူမျိုး ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာကြီးတွေ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။

ဂျပန်ဒါရိုက်တာ Akio Fujimoto san နဲ့ ရုပ်ရှင်သရုပ်ဆောင်မင်သမီး Naomi Sato san တို့က ဂျပန်လူမျိုးဒါရိုက်တာတွေနဲ့မတူတဲ့ စိတ်ကူးစိတ်ကောင်းတွေနဲ့ ကွဲပြားတဲ့ တင်ပြမှုတွေကြောင့် အောင်မြင်မှာပါလို့ ဒီဗွီဘီကို ပြောပါတယ်။

လာရောက်အားပေးကြည့်ရှုသူ မရတနာအေးချမ်းဦးကတော့ မြန်မာလူမျိုးတယောက်ရဲ့ ရုပ်ရှင်ကို ဂျပန်မှာ ပထမဆုံးအကြိမ်ကြည့်ရတာဖြစ်ပြီး မြန်မာလူမျိုးတယောက်အနေနဲ့ ဂုဏ်ယူမိကြောင်း၊ တင်ပြပုံကောင်းလို့ မျက်ရည်ဝဲခဲ့ရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံသားတယောက်အနေနဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးပြီး မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကို ရယူချင်တယ်၊ ကြိုးလည်းကြိုးစားသွားပါမယ်လို့လည်း ဒါရိုက်တာ မောင်သိန်းတန်က ဒီဗွီဘီကို ထပ်လောင်းပြောကြားသွားပါတယ်။

အိမ်ရုပ်ရှင်ဇာတ်ကားကို ဂျပန်ရောက် မြန်မာလူမျိုးမိသားစုအကြောင်း အခြေခံထားပြီး ဂျပန်အလယ်တန်းကျောင်းသူကျောင်းသားတွေနဲ့ ဂျပန်သရုပ်ဆောင်တွေ အားဖြည့်ရိုက်ကူးထားတာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013