DVB Logo
Home
မြန်မာသတင်း
၂၀၁၇ ခု ၄ လတာ ကာလအတွင်း မီးလောင်မှု ၂၉ ကြိမ်ဖြစ်ပွား၊ လူ ၆၀ သေဆုံး
DVB
·
May 6, 2017
၂၀၁၇ ခု ၄ လတာ ကာလအတွင်း မီးလောင်မှု ၂၉ ကြိမ်ဖြစ်ပွား၊ လူ ၆၀ သေဆုံး
Donate to DVB

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်း ၄ လတာ ကာလအတွင်း မြန်မာနိုင်ငံမှာ မီးလောင်မှုကြောင့် လူဦးရေ ၆၀  သေဆုံးခဲ့ပြီး ကျပ်သန်း ၁၁၀ ကျော် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်ကာလအတွင်း မီးလောင်မှု ၂၉ ကြိမ် ဖြစ်ပွားခဲ့ကာ ကာရာအိုကေနဲ့ စားသောက်ဆိုင် မီးလောင်မှု ၂ ကြိမ် သေဆုံးသူ ၂၀ ဦး၊ ကားမီးလောင်မှု ၃ ကြိမ်မှာ သေဆုံးသူ ၁၀ ဦး၊ ရိုးရိုးနေအိမ် မီးလောင်မှု ၂၃ ကြိမ်မှာ သေဆုံးသူ ၂၉ ဦးနဲ့ မီးရှို့သတ်မှု ၁ ကြိမ်မှာ ၁ ဦး သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အကွီဘီယာဆိုင် မီးလောင်မှုမှာ လူ ၅ ဦး သေဆုံးခဲ့ပြီး ကျပ် ၉၇ သိန်းကျော် ဆုံးရှုံးခဲ့တာပါ။

ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ရွှေမြတ်မင်းသမီး အအေးခန်းကာရာအိုကေ မီးလောင်မှုမှာတော့ လူ ၁၅ ဦး သေဆုံးခဲ့ပြီး ကျပ် ၅၆ သိန်းကျော် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့က ဆီဆိုင်တဆိုင် မီးလောင်မှုမှာတော့ ကျပ် သိန်း ၄၉၀၀ ကျော်အထိ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

မေလ ၅ ရက်နေ့ဟာ ၇၁ နှစ်မြောက် မြန်မာနိုင်ငံရဲ့ မီးသတ်တပ်ဖွဲ့နေ့ ဖြစ်ပြီးတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ကယ်ဆယ်မှုသရုပ်ပြမှု၊ အခြေအရပ်အရပ်ပေါ် မူတည်ပြီး ခေတ်မီမီးသတ်စနစ်တွေနဲ့ မီးငြှိမ်းသတ်မှုတွေကို သရုပ်ဖော် ပြသခဲ့ကြပါတယ်။

အောင်ကိုကိုလတ် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013