DVB Logo
Home
မြန်မာသတင်း
အုတ်တွင်းမြို့တွင် လေပြင်းတိုက်ပြီး မိုးသည်းထန်၊ သစ်ပင်ကြီးများ ပြိုလဲ (ဓာတ်ပုံ)
DVB
·
May 5, 2017
အုတ်တွင်းမြို့တွင် လေပြင်းတိုက်ပြီး မိုးသည်းထန်၊ သစ်ပင်ကြီးများ ပြိုလဲ (ဓာတ်ပုံ)
1 / 9
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းမှာ မေလ ၄ ရက်နေ့ ညပိုင်းက လေပြင်းတွေတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် သက်တမ်းရာနဲ့ချီနေတဲ့ သစ်ပင်ကြီးတွေ ဓမ္မာရုံ၊ စာသင်ကျောင်း၊ နေအိမ်တွေနဲ့ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းနေအိမ်တချို့အပေါ် လဲပြိုကျခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“အခုလို လေပြင်းတိုက်ခတ် မိုးရွာသွန်းတာကြောင့် အုတ်တွင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအတော်များများမှာလည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ မြို့နယ်ထွေအုပ်ရုံးကို လာရောက်သတင်းပို့နေကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေက ကျေးရွာတွေ မစုံသေးတော့ အတိအကျ မသိရသေးဘူး။ ညနေလောက်မှပဲ အကုန်လုံးသိရမယ်” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အုတ်တွင်းမြို့မှာ အခုလို လေပြင်းတိုက်ခတ်လို့ ပြိုကျပျက်စီးခဲ့တာတွေကို ဒီကနေ့မနက် ၆ နာရီလောက်က အုတ်တွင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေဝင်းနဲ့ အုတ်တွင်းမြို့နယ် နယ်မြေခံ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေ၊ တောင်ငူ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး (DR) အဖွဲ့၊ တောင်ငူ၊ အုတ်တွင်း၊ ကျွဲပွဲ၊ ညောင်ခြေထောက်တို့မှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေပါတယ်။

သတင်း၊ ဓာတ်ပုံ - သားကြီး(တောင်ငူ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013