အမရပူရမြို့နယ်တွင် ပေါက်ကွဲစေတတ်သည့် ဓာတုပစ္စည်းများတွေ့ရှိ
DVB
·
May 5, 2017
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ စွယ်တော်ဘုရား အရှေ့ဘက်ရှိ စွယ်တော်ပွဲရုံတန်းက ဂိုဒေါင်တစ်ခုထဲမှာ ပေါက်ကွဲစေတတ်တဲ့ အမိုနီယမ်နိုက်ထရိတ် ဓာတုဗေဒပစ္စည်းထည့်ထားတဲ့ အိတ်ပေါင်း (၃၆၀၀)ကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မေလ ၄ ရက် နေ့လည် ၁၂ နာရီလောက်က သက်ဆိုင်ရာတာဝန်ရှိသူတွေက သတင်းအရ ဂိုဒေါင်ထဲကို ဝင်ရောက်ရှာဖွေရာမှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ဒီပစ္စည်းတွေရဲ့ ပိုင်ရှင် ဘယ်သူလဲဆိုတာကိုတော့ စုံစမ်းရှာဖွေ စိစစ်နေဆဲဖြစ်ပါတယ်။
သတင်း - မျိုးနိုင်











