DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်တွင် ယာဉ် ၃ စီးတိုက်မှု ဖြစ်ပွား၊ ၁ ဦး သေဆုံး
DVB
·
May 5, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေးကားလမ်းဟောင်းမိုင်တိုင်အမှတ် ၁၂၄ အနီးမှာ ယာဉ်သုံးစီးတိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးသွားတယ်လို့ တောကျွဲအင်းနယ်မြေရဲတပ်ဖွဲ့ စခန်းက ပြောပါတယ်။

"အရင်နေ့က တွဲကားက တပ်ကကားကို တိုက်မိလို့ ရပ်ထားတာ ရွှေ့လို့ကလည်း မရဘူး၊ အခုအဲကားကို နောက်ကနေ ထပ်တိုက်တာ။ တိုက်မိပြီး ကားကလည်သွားတော့ ဟိုဘက်ကလာတဲ့ ကားနဲ့ထပ်တိုက်မိတာ တယောက်ကတော့ နေရာမှာတင် သေသွားတယ်" လို့ တောကျွဲအင်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ မေ ၃ ရက်နေ့ ည ၁၀ နာရီလောက်က ရန်ကုန်-မန္တလေးကားလမ်းဟောင်းမိုင်တိုင်အမှတ် ၁၂၄/၂ နဲ့ ၁၂၄/၃အကြား ရွှေပြည်အေးကျေးရွာအနီး ကာလမ်းရဲ့ ယာဘက်ခြမ်းမှာ စက်ချို့ယွင်းလို့ ရပ်ထားတဲ့  နီဆန်းအမျိုးစားယာဉ်အား ဇင်မင်းအုန်း မောင်းလာတဲ့ယာဉ်က တိုက်မိပြီးနောက် လမ်းဝဲဘက်ခြမ်းကို ရောက်ရှိပြီးနောက်      စောအယ်ထူး မောင်းလာတဲ့ Honda Fit ယာဉ်နဲ့ ထပ်မံတိုက်မိခဲ့တာလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ဇင်မင်းအုန်းဟာ အခင်းဖြစ်နေရာမှာ စတီယာရင်နှင့်ညှပ်မိပြီးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ယာဉ်မောင်း ဇင်မင်းအုန်းအား တောကျွဲအင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ် ၃၀၄-က အရ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

ကျောက်တံခါးမြို့နယ်မှာ အဲဒီနေ့ကပဲ ဆိုင်ကယ်နှစ်စီး တိုက်မှုအပါအဝင် ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့လို့ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013