DVB Logo
Home
မြန်မာသတင်း
မြင်းခြံခရိုင်တွင် ​​​​​အသက်​ ၉၀ လူမှု​ရေးပင်​စင်​ လျှောက်​ထားသူ များပြား
DVB
·
May 5, 2017
Donate to DVB

မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက ၄မြို့နယ်မှာ အသက်၉၀ ကျော်အရွယ် အဘိုးအဘွားတွေကို လူမှုရေးပင်စင်ထောက်ပံ့ဖို့အတွက်  လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက စာရင်းကောက်ခံနေရာမှာ သက်ကြီး ဘိုးဘွားပေါင်း ၈၅၀ ကျော် လျှောက်ထားခဲ့ကြပါတယ်။

မြင်းခြံမြို့နယ်မှ ဘိုးဘွား ၂၈၇ ဦး၊ ငါန်းဇွန်မြို့နယ်မှ ဘိုးဘွား ၁၇၇ ဦး၊ တောင်သာမြို့နယ်မှ ဘိုးဘွား ၂၀၀ ဦးနဲ့ နွားထိုးကြီးမြို့နယ်မှ ဘိုးဘွား ၁၈၇ ဦး၊ ခရိုင် ၄ မြို့နယ်မှ အသက် ၉၀ ပြည့် လျှောက်ထားသူ စုစုပေါင်း ၈၅၁ ယောက် လျှောက်ထားခဲ့ပြီး စိစစ်အတည်ပြု လက်ခံဆောင်ရွက်ပေးထားတယ်လို့ မြင်းခြံ လူမှုဝန်ထမ်းရုံးကသိရပါတယ်။

မြင်းခြံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုညွန်ကြားရေးမှူး ဒေါ်ဖြူဖြူထွန်းက “မြင်းခြံခရိုင် ၄ မြို့နယ်အတွက် အသက် ၉၀ ပြည့် လူမှုရေးပင်စင် လျှောက်ထားသူတွေ များပါတယ်။ လက်ရှိ လျှောက်ထားသူတွေထဲက ၆၁ ဦးကတော့ အထောက်အထား မပြည့်စုံပါဘူး။ တချို့ အဘိုး အဘွားတွေက မှတ်ပုံတင်မရှိတာတို့ ပုံစံ ၆၆ မရှိတာတို့ တွေ့ရပါတယ်။ ဒါတွေကို ရပ်ကွက်၊ ကျေးရွာတွေက မှန်ကန်ကြောင်း ထောက်ခံပေးလို့ရင် လ.ဝ.က ရုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်ဆင့်ကို တင်ပြဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

လူမှုရေးပင်စင် လျှောက်ထားမယ့်  အဘိုး၊ အဘွားတွေနဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးနဲ့ ရပ်ရွာမှ ယုံကြည်လေးစားရတဲ့ ရပ်မိရပ်ဖနှစ်ဦး စုစုပေါင်း ၃ ဦးမှ မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆(ဃ) တို့နဲ့  သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့်  လျှောက်ထားကြရတာဖြစ်ပါတယ်။

လက်၇ှိဘဏ္ဍာနှစ် ၂၀၁၇ ဧပြီကစပြီး အသက် ၉၀ ကျော်အရွယ် အဖိုးအဖွားတစ်ဦးကို ၁ လ ကျပ်ငွေ ၁၀၀၀၀ ကျပ်နှုန်းနဲ့  နိုင်ငံတော်အစိုးရက ဘိုးဘွား သက်ကြီးပင်စင်ကို စတင်ထောက်ပံ့ပေး တာဖြစ်ပြီး ၃ လ ၁ ကြိမ် ပေါင်းပြီး ဇွန်လထဲမှာ စတင်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားသူ အဘိုး၊ အဘွားတွေအနေနဲ့ အထောက်အထားမမှန်ကန်ဘဲ မှားယွင်းကြောင်း စုံစမ်းတွေ့ရှိပါက ထောက်ပံ့ထားတဲ့ လူမှုရေးပင်စင်ကို ပြန်လည်ပေးသွင်းရမှာ ဖြစ်ပါတယ်။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013