DVB Logo
Home
မြန်မာသတင်း
မိုင်းတုံတွင် ယာဉ်တစီး ချောက်ထဲကျ၊ ၄ ဦး ဒဏ်ရာရ
DVB
·
May 5, 2017
Donate to DVB

မိုင်းတုံမြို့နယ် မုံးထနဲ့ မုံးကျွတ်အကြား တောင်ဆင်းလမ်းမှာ မေ ၄ ရက်နေ့က ဖိုးဝှီးယာဉ်တစီး ဘရိတ်ပေါက်ပြီး ချောက်ထဲကျသွားလို့ လူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် မုံးထမြို့နယ်ခွဲကနေ နားကောင်းမူးဘက်လာတဲ့ တိုက်ဂါးဖိုးဝှီးယာဉ်ဟာ မုံးထနဲ့ မုံးကျွတ်ရွာအကြား မိုင်တိုင်အမှတ် ၄၆/၄၅ နေရာ တောင်အဆင်းလမ်းမှာ မေ ၄ ရက် မနက် ၉ နာရီလောက်က အရှိန်လွန် ဘရိတ်ပေါက်ကာ ပေ ၅၀ ကျော်အနက်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါလူ ၄ ဦး ဒဏ်ရာရရှိကာ မိုင်းတုံမြို့ ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ တပ်မတော်သားတဦးက ပြောပါတယ်။

"ကားတစီး ချောက်ထဲကျသွားတယ်လို့ ဆိုင်ကယ်စီးလာသူတယောက်က ပွိုင့် ၄၅၂၇ စခန်းကို လာသတင်းပို့တာနဲ့ မုံးထဗျူဟာကိုတင်ပြပြီး ကယ်ဆယ်ရေးသွားရောက်ခဲ့ပြီး မိုင်းတုံဆေးရုံကို ပို့ပေးခဲ့တာပါ" လို့ ကယ်ဆယ်ရေးလုပ်ရာမှာ ပါဝင်ခဲ့တဲ့ တပ်မတော်သားက ပြောပါတယ်။

ဒဏ်ရာရခဲ့တဲ့ ယာဉ်မောင်း ဦးဇော်မင်းနဲ့ မတေးကဗျာတို့က အခြေအနေ စိုးရိမ်ရပြီး ဒေါ်ချယ်ရီမိုးနဲ့ သားဖြစ်သူ အသက် ၈ နှစ်အရွယ် မောင်လပြည့်ထွန်းကတော့ ဒဏ်ရာအခြေအနေ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ဦးဇော်မင်းကို နယ်မြေခံရဲစခန်း (မုံးထ) စခန်းမှူး ရဲအုပ်ဇော်မိုးက ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - အောင်ဇေယျ(မိုင်းတုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013