DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ဗာတီကန် သံတမန်အဆက်အသွယ် စတင်ထူထောင် (ရုပ်သံ)
DVB
·
May 5, 2017
မြန်မာနှင့် ဗာတီကန် သံတမန်အဆက်အသွယ် စတင်ထူထောင် (ရုပ်သံ)
1 / 2
Donate to DVB


မြန်မာနှင့် ဗာတီကန် သံတမန်အဆက်အသွယ် စတင်ထူထောင်...
မြန်မာနိုင်ငံနဲ့ ဗာတီကန်မြို့ပြနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် စတင်ထူထောင်လိုက်ပါတယ်။

သံတမန်အဆက်အသွယ် စတင်ထူထောင်ကြောင်း ပူးတွဲကြေညာချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ ဗာတီကန်နန်းတော်မှာ မေလ ၄ ရက်က တွေ့ဆုံမှုအပြီး ထုတ်ပြန်ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံနဲ့ ဗာတီကန်မြို့ပြနိုင်ငံ (Holy See) တို့ဟာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖို့ ဆန္ဒရှိကြတဲ့အားလျော်စွာ မြန်မာနိုင်ငံဘက်က သံရုံးအဆင့်နဲ့လည်းကောင်း၊ ဗာတီကန်မြို့ပြနိုင်ငံဘက်က  ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်စားလှယ်ရုံး အဆင့်နဲ့လည်းကောင်း သံတမန်အဆက်အသွယ်ထူထောင်ဖို့ နှစ်ဦးနှစ်ဘက် သဘောတူညီခဲ့ကြတာလို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဗာတီကန်မြို့ပြနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ၁၁၈ နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်တဲ့နိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013