DVB Logo
Home
မြန်မာသတင်း
ဖယောင်းတိုင်ဈေးနှုန်းများအနည်းငယ်မြင့်တက်နေ
DVB
·
May 5, 2017
ဖယောင်းတိုင်ဈေးနှုန်းများအနည်းငယ်မြင့်တက်နေ
1 / 6
Donate to DVB

ဖယောင်းထုတ်လုပ်ရာမှာ အသုံးပြုရတဲ့ ချည်ဈေးနဲ့ ဖယောင်းဈေးတွေ မြင့်တက်လာလို့ မုံရွာဒေသထွက် ဖယောင်းတိုင်ဈေးတွေ အနည်းငယ်မြင့်တက်မှု ရှိနေပါတယ်။

ဖယောင်းကုန်ကြမ်းကို တရုတ်က အဓိကတင်သွင်းရပြီး ၁ ပိဿာကို အရင်က ၂၅၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာမှ အခုအခါမှာ ၂၉၀၀၊ ၃၀၀၀ ကျပ်ဝန်းကျင်ထိ ဈေးတက်လာခဲ့လို့ ဖယောင်းတိုင်တထုပ်အပေါ်မှာ ပျမ်းမျှ ၂၀ ကျပ်ဝန်းကျင်လောက် ဈေးတက်လာခဲ့ပါတယ်။

နယ်တွေမှာ လျှပ်စစ်မီးသုံးစွဲနိုင်မှုပမာဏ မြင့်တက်လာလို့ ဖယောင်းထုတ်လုပ်မှုကတော့ တနှစ်ထက်တနှစ် မသိမသာ လျော့နည်းလာတယ်လို့ ဖယောင်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

မုံရွာမြို့မှာ ဖယောင်းတိုင်ထုတ်လုပ်သူ ၇ ဦးလောက် ရှိပါတယ်။ မုံရွာဒေသကထွက်ရှိတဲ့ ဖယောင်းတွေကို စစ်ကိုင်းတိုင်းက မီးမရရှိသေးတဲ့ ကျေးလက်တောရွာတွေအပြင် ရွှေ၊ ကျောက် ထွက်ရှိရာ ချင်းတွင်းမြစ်အထက်ပိုင်း ဒေသတွေကို အဓိကထား တင်ပို့ရောင်းချနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013