DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်၊ ၂ ဦး သေဆုံး
DVB
·
May 4, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုက်အမှတ် (၁၀၃ အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၃ ရက်နေ့ ၁၀ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်ကနေ နေပြည်တော်ဘက် မင်းခန့်ကျော် မောင်းလာတဲ့ TOYOTA HIACE ယာဉ်က စက်ချို့ယွင်းလို့ ရပ်တန့်ထားတဲ့ နန်းထိုက်တော်ဝင် EXPRESS ယာဉ်ကို ၀င်တိုက်ခဲ့တာလို့ မြို့ချောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"EXPRESS က ပျက်လို့ရပ်ပြီး ပြင်နေတာဗျ။ အဲ့မှာပြင်နေတဲ့လူတွေကို ဝင်တိုက်တာ၊ လေးယောက်ပေါ့ အတိုက်ခံရတာ။ နှစ်ယောက်သေတယ်၊ သေတဲ့နှစ်ယောက်မှာ တစ်ယောက်ကတော့ နေရာမှာတင်သေပြီး နောက်တစ်ယောက်ကတော့ ဆေးရုံပို့ရင်း သေတာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ အသက်အန္တရာယ် မဆိုးရိမ်ရပါဘူး။"

ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ လူထိခိုက်သေဆုံးအောင် မောင်းနှင်သူ မင်းခန့်ကျော်နဲ့ အမြန်လမ်းမပြီး ပေါ့လျော့စွာ ယာဉ်ရပ်နားပြီး ပြုပြင်နေတဲ့ သက်အောင်တို့ကို မြို့ချောင်းအ မြန်လမ်းမကြီးရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013