DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပထမဆုံး လယ်ယာစက်မှုဇုန် မြောင်းမြတွင် အကောင်အထည်ဖော်မည်
DVB
·
May 4, 2017
Donate to DVB

မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အကြီးဆုံးဖြစ်လာမယ့် လယ်ယာကဏ္ဍအခြေခံတဲ့ စားသောက်ကုန်လုပ်ငန်းတွေပါဝင်တဲ့ Agro-industry Park စက်မှုဇုန်တခုကို ဧရာဝတီတိုင်း မြောင်းမြမြို့မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အကောင်အထည်ဖော် ဆောင်ရွက်ဖို့ရှိနေပါတယ်။

၂၀၁၇ - ၂၀၁၈ က စတင်ပြီး ဆောင်ရွက်မယ့်  စက်မှုဇုန်စီမံကိန်းကို  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ဆောင်ရွက်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကနေ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

“Agro-Industry Park ဆိုတာကတော့ စားသောက်ကုန်ထုတ်တဲ့ ဇုန်အစုအဝေးပါပဲ။ အဲ့ဒီတော့ စားသောက်ကုန်ပစ္စည်းတွေ ဖြစ်တာပေါ့နော်။ လူအစားအစာ၊ တိရစ္ဆာန်အစားအစာ ဒါတွေကို စနစ်တကျထုတ်ဖို့အတွက် အဓိကရည်ရွယ်တာပေါ့။ အဲ့ဒီတော့ ကျနော်တို့အနေနဲ့က ပထမအဆင့် အဓိက ဆန်စပါးကို အခြေခံပြီးတော့ ဆန်စက်ပါမယ်၊ နောက်စပါးခွံကနေ လျှပ်စစ်ထုတ်တာ၊ နောက်ဖွဲနုဆီစက်၊ တိရစ္ဆာန်အစားအစာ နောက်ပိုင်းမှာ ဆန်မှုန့်၊ ဆန်ကြာဆံ၊ ဆန်ခေါက်ဆွဲ အဲ့လို ဆန်စပါးကို အခြေခံတဲ့ပစ္စည်းတွေ နောက်ဆုံးဆန်ကွဲကနေ ဂလူးကို့စ်ထုတ်တာတွေထိ ဆောင်ရွက်သွားပါမယ်။”

စက်မှုဇုန်အတွက် မြောင်းမြဂုန်လျှော်စက်ရုံဝင်းအတွင်း မြေဧက ၃၀၀ ကျော်ကို စိုက်ပျိုးရေးဝန်ကြီးဌာနထံကနေ နှစ်ရှည်ငှားရမ်းထားပြီး စီမံကိန်းကာလ ၃ နှစ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်မယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်းမှာ ဒေါ်လာ ၄ သန်း အကုန်အကျခံမယ့် စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံလည်း ပါဝင်မှာဖြစ်ပါတယ်။ အသင့်ရှိပြီး ဆိပ်ကမ်းအပါအဝင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာ၊ လျှပ်စစ်ဓာတ်အား ရရှိတာနဲ့ စိုက်ပျိုးရေး ဆိုင်ရာ အချက်အခြာကျတဲ့ နေရတခု ဖြစ်တာကြောင့် အခုနေရာကို ရွေးချယ်ထားတာလို့ ဆိုပါတယ်။

စီမံကိန်းအကောင်အထည်ပေါ်လာရင်တော့ အလုပ်အကိုင် အများအပြား ဖန်တီးပေးနိုင်မှာဖြစ်သလို စီမံကိန်းအနေနဲ့ လယ်ယာတွေ၊ သီးနှံတွေကို တန်ဖို့မြင့်ထုတ်ကုန်တွေ အဖြစ် ထုတ်လုပ်မှာဖြစ်လို့ ဒေသတွင်း လယ်ယာကဏ္ဍအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်လာ နိုင်တယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

သတင်း၊ဓာတ်ပုံ - သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013