DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်တွင် ပုဒ်မ ၁၄၄ အမိန့် ပြန်မရုပ်သေးသဖြင့် ဒေသခံများ အခက်အခဲတွေ့နေ
DVB
·
May 4, 2017
ရွှေကျင်မြို့နယ်တွင် ပုဒ်မ ၁၄၄ အမိန့် ပြန်မရုပ်သေးသဖြင့် ဒေသခံများ အခက်အခဲတွေ့နေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အောင်ခလိန်ကျေးရွာ ရွှေထွက်ရှိရာ နေရာမှာ ရွှေတူးဖော်နေတဲ့ ဒေသခံရွာသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးပြီးနောက်ပိုင်း အဲဒီဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့ရာမှာ ခုချိန်ထိ ပြန်လည်ရုပ်သိမ်းပေးခြင်း မရှိတာသေးတာကြောင့် ဒေသခံ ရွာသားတွေ အခက်အခဲ ဖြစ်နေကြတာပါ။

မတ် ၁၈ ရက်က ဒေသခံရွာသားတဦး တပ်မတော်သားတယောက်ရဲ့ သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးသွားပြီးနောက်ပိုင်း အောင်ခလိန်ဒေသမှာ မတ် ၂၃ ရက်ကစလို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာပါ။

မတ် ၂၃ ရက်ကစလို့ တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောပါတယ်။

“သတ္တုပေါ်လာလို့ ထုတ်ရတာပါ။ နိုင်ငံတော်သဘာဝပတ်ဝန်းကျင်နဲ့ သတ္တုဝန်ကြီးဌာန ကနေပြီးတော့ သူ့ဥပဒေနဲ့အညီ စီမံခန့်ခွဲပေးလိုက်ရင် စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့တနေ့ ၁၄၄ က မလိုတော့ဘူး။ မလိုတော့ရင် ပြန်ရုပ်သိမ်းပြီးသား ဖြစ်သွားမှာပါ။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာ တစ်လကျော် ကြာခဲ့ပေမယ့် ခုချိန်ထိ ဒီအမိန့်ကို ပြန်လည်ရုပ်သိမ်းပေးခြင်း မရှိသေးတာကြောင့် ရွှေတူးဖော်ခြင်း၊ တောင်ယာခုတ်ခြင်း စတဲ့အလုပ်တွေကို အားထားလုပ်ကိုင်နေရတဲ့ အဲဒီဒေသက ပြည်သူတွေမှာ အခက်အခဲများစွာ ကြုံနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ရွာကလူတွေက ပုဒ်မ ၁၄၄ ဆိုရင် တအားကြောက်သွားပြီလေ။ ခုဟာက နေ့ခင်းမလုပ်ရတဲ့အခါကျတော့ ပြည်သူလူထုရဲ့ နေ့ခင်း လွတ်လပ်ခွင့် အတိုင်းအတာ ဆုံးရှုံးသွားတယ်။ ညဘက်မှ ခိုးကြောင်ခိုးဝှပက် သွားလုပ်ရတဲ့အတွက် ကျနော်တို့မှာ အန္တရာယ်တွေ ရှိလာနေတယ်။ ခုဟာက ကျီးလန့်စာစားနေရတဲ့ပုံစံ ဖြစ်နေရတယ်”

ရွှေကျင်မြို့နယ်ဟာ ကေအန်ယူနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူထားတဲ့ မြို့တမြို့ဖြစ်ပြီး မြို့ပေါ်မှာ မြန်မာ့တပ်မတော်မှ ဗျူဟာထိုင်ကာ တပ်ရင်း ၃ ခုနဲ့ တပ်စွဲထားရာဒေသလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ- နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013