DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီတာဝန်ရှိသူများကို နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြမှု ကြံ့ခိုင်ရေးပါတီကန့်ကွက် (ရုပ်သံ)
DVB
·
May 4, 2017
အန်အယ်လ်ဒီပါတီတာဝန်ရှိသူများကို နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြမှု ကြံ့ခိုင်ရေးပါတီကန့်ကွက် (ရုပ်သံ)
Donate to DVB

 

အစိုးရ တစ်နှစ်တာ လုပ်ဆောင်ချက်တွေကို နိုင်ငံပိုင်မီဒီယာကတဆင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းလင်း တင်ပြခဲ့တာ၊ ပါတီတံဆိပ်တပ်ပြီး အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ နိုင်ငံပိုင်မီဒီယာကနေ ဖော်ပြခဲ့တာဟာ ဥပဒေနဲ့ မညီတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီအားလုံးကိုယ်စားတရားစွဲဆို ကန့်ကွက်ထားတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောပါတယ်။

ကော့မှူးမြို့နယ်ကိုယ်စားလှယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနိုင်ရ အန်အယ်လ်ဒီကိုယ်စားလှယ် ၃ ဦးကို ကန့်ကွက်ထားခဲ့တဲ့ အဲဒီကန့်ကွက်စာကိုတော့ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲအပြီး ဧပြီဒုတိယအပတ်ထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့တာဖြစ်လို့  ကြံ့ခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ နိုင်ငံတော်ရဲ့ တနှစ်တာကာလ လုပ်ဆောင်ခဲ့ တာ တွေကို မူဝါဒအရ ရှင်းလင်းတင်ပြတာ မှန်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ သို့သော် ရွေးကောက်ပွဲနီးမှ ကပ်ပြီးတော့ လုပ်တာ၊ နောက်ပြီးတော့ အစိုးရတာဝန်မရှိဘဲနဲ့ ပါတီတာဝန်သာရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့မှ နိုင်ငံတော် မီဒီယာကနေတဆင့် ဒီလို တံဆိပ်တပ်ပြီးတော့ လုပ်သွားတဲ့ဟာက တရားမျှတမှုမရှိဘူး။ အဲဒါကြောင့်မို့ ရွေးကောက်ပွဲဝင်ရမယ့် ပါတီတွေအတွက် အကုန်လုံးထိခိုက်ပါတယ်။ ဒါကြောင့် ဥပဒေနဲ့ မညီညွတ်တဲ့အတွက်ကြောင့် ကျနော်တို့က နိုင်ငံသားအားလုံးရဲ့ ကိုယ်စား၊ ပါတီအားလုံးရဲ့ ကိုယ်စား ဥပဒေနဲ့ မညီတဲ့ကိစ္စကို ကန့်ကွက်တင်ပြရခြင်း ဖြစ်ပါတယ်။"

တင်ပြတိုင်ကြားထားတဲ့ ကန့်ကွက်လွှာကို လက်ခံဖို့ သင့်၊ မသင့်ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၄၅ ရက်ပြည့်မြောက်တဲ့နေ့မှာ ဘုတ်အဖွဲ့ထိုင် ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

ကန့်ကွက်လွှာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကို သွားရောက်မေးမြန်းခဲ့ပေမယ့် ဖြေကြားခဲ့ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013