DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်း (မူကြမ်း)ကို ဆွေးနွေးအတည်ပြုရန် ရှိ (သတင်းဓာတ်ပုံ)
DVB
·
May 4, 2017
Donate to DVB

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ရဲ့ ဒသမအကြိမ်အစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမမှာ ကျင်းပနေပါတယ်။

ဒီကနေ့အစည်းအဝေးမှာတော့ လုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်း (မူကြမ်း)ကို ဆွေးနွေးအတည်ပြုဖို့ရှိသလို တိုင်ကြားမှု စီမံခန့်ခွဲရေးနည်းစနစ် (Complaint Management System-CSM)ကို တင်ပြတာတွေ လုပ်ဖို့ ရှိပါတယ်။

အစည်းအဝေးကို မေလ ၃ ရက်ကနေ ၅ ရက်နေ့ထိ သုံးရက်ကြာကျင်းပနေတာဖြစ်ပြီး အစည်းအဝေး ပထမနေ့မှာတော့ ရပ်ကွက်/ ကျေးရွာတွေမှာ စောင့်ကြည့်ရေး လုပ်ငန်းတွေ ဆောင်ရွက်မယ့် နှစ်ဖက်လက်ခံသည့်ဒေသခံများရဲ့ လုပ်ငန်းလမ်းညွှန်ကို ဆွေးနွေး အတည်ပြုခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ် (အန်စီအေ) ထိုးထားတဲ့ အဖွဲ့တွေအကြား ပစ်ခတ်မှုတွေမဖြစ်ပွားအောင်နဲ့ ဖြစ်ပွားခဲ့တဲ့ထိတွေ့မှုတွေကို စောင့်ကြည့် ဆွေးနွေးတဲ့ ပုံမှန်အစည်းအဝေးလည်းဖြစ်ပြီး အခုအကြိမ်နဲ့ဆို ၁၀ကြိမ်ရှိပြီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013