DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအောင်မြင်ပါက ကမ္ဘာ့အခက်အခဲဆုံးစစ်ပွဲကြီးကိုအောင်နိုင်ခြင်းဖြစ်ဟု ကန်သံအမတ်ပြောကြား
DVB
·
May 4, 2017
ငြိမ်းချမ်းရေးအောင်မြင်ပါက ကမ္ဘာ့အခက်အခဲဆုံးစစ်ပွဲကြီးကိုအောင်နိုင်ခြင်းဖြစ်ဟု ကန်သံအမတ်ပြောကြား
Donate to DVB

မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင်လုပ်ဆောင်နိုင်တာဟာ  ကမ္ဘာပေါ်ရှိ အခက်အခဲဆုံး စစ်ပွဲကြီးတစ်ခုကို အောင်နိုင်ခြင်းလို့ မှတ်ယူရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်ကပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မနေ့ညနေက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာတွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အမေရိကန် သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ဖြစ်ပေါ် လာခဲ့တဲ့ သမိုင်းကြောင်း ရှည်လျားတဲ့အပြင် ပါဝင်တဲ့အဖွဲ့အစည်းတွေလည်းများပြားကြောင်း၊ ယင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင်လုပ်ဆောင်နိုင်တာဟာ ကမ္ဘာပေါ်ရှိ အခက်အခဲဆုံး စစ်ပွဲကြီးတစ်ခုကို အောင်နိုင်ခြင်းလို့ မှတ်ယူရမယ်ဖြစ်ကြောင်းပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း  မကြာမီပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကို များစွာမျှော်လင့်ချက်ထားကြောင်း၊ အကောင်းဘက်မှ ဦးတည်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဆွေးနွေးနိုင်တဲ့ လမ်းကြောင်းများစွာ၊ အခွင့်အရေးများစွာရှိကြောင်း၊ တပ်မတော်အနေနဲ့ နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်တွေ ချုပ်ငြိမ်းဖို့၊ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးမှာ တပ်မတော်ရဲ့ အလိုလားဆုံးဆန္ဒဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အန်စီအေ တနိုင်ငံလုံးအပစ်ရပ်စာချုပ်  လက်မှတ်ရေးထိုးဖို့ လိုအပ်မှုအခြေအနေတွေ၊ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အခြေအနေတွေအပြင် ရခိုင်ပြည်နယ်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲပြောဆိုမှုတွေ အပေါ် တပ်မတော်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးခဲ့မှုတွေနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ဓာတ်ပုံ - Senior General Min Aung Hlaing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013